ထိုင်ဝမ်က ကုလညီလာခံနီးကပ်လာချိန်တွင် အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံပေးရန် နိုင်ငံများအား တောင်းဆို

ထိုင်ဝမ်က ကုလညီလာခံနီးကပ်လာချိန်တွင် အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံပေးရန် နိုင်ငံများအား တောင်းဆို

ကုလသမဂ္ဂ၏ နှစ်ပတ်လည်အထွေထွေညီလာခံသည် လာမည့်သီတင်းပတ်တွင် စတင်တော့မည်ဖြစ်သောကြောင့် ထိုင်ဝမ်အစိုးရသည် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံပေးရန် ဒီမိုကရေစီမဟာမိတ်များနှင့် စိတ်တူကိုယ်တူနိုင်ငံများကို ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က စက်တင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လာမည့် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း၌ ၎င်းအား ထောက်ခံပေးကြရန် ခင်မင်ရင်းနှီးသောနိုင်ငံများအား တောင်းဆိုရန်နှင့် မကြာမီကျင်းပမည့် (၇၇) ကြိမ်မြောက် အထွေထွေညီလာခံတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ စာလွှာပေးပို့ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MOFA အထွေထွေအတွင်းရေးမှူးချုပ်လီလီဆူးက ပြောသည်။

နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၁၃ ရက်မှ ၂၇ ရက်အထိကျင်းပမည့် နှစ်ပတ်လည်ပွဲတွင် ယခုနှစ်၌ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး MOFA ၏ လှုပ်ရှားမှုကို ကြေညာစဉ် ဆူးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရေးအတွက် လူဦးရေ ၂၃ သန်းရှိ ထိုင်ဝမ်ကို ကုလသမဂ္ဂမှ ဖယ်ထုတ်ထားခြင်းအား နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် ဖြေရှင်းပေးရေးတောင်းဆိုရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များကို ရင်ဆိုင်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင် နိုင်ရေးအတွက် ထိုင်ဝမ်ကိုခွင့်ပြုရန် တောင်းဆိုသွားမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းသို့ ထိုင်ဝမ်၏ မေတ္တာရပ်ခံမှုကို အလေးမူရန် လှုံ့ဆော်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက “ကမ္ဘာ့အကျိုးအတွက် လက်တွဲလုပ်ဆောင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတကာမီဒီယာတစ်ခုတွင် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့သည်ဟု ဆူးက ပြောသည်။

ထိုင်ဝမ်အား ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် လက်ခံရန် ကမ္ဘာကို တိုက်တွန်းလျက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေသည့် တရုတ်စစ်တပ်၏ အကျပ်ကိုင်မှုများကို ရှုတ်ချရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုမှုချက်များကို ဆောင်းပါးတွင် ရေးသားထားသည်ဟု ဆူးက ဆိုသည်။

ကုလသမဂ္ဂစနစ်တွင် ထိုင်ဝမ်အဖွဲ့ဝင်ဖြစ်ရေး ပုံရိပ်မြှင့်တင်ရန်  ကုလသမဂ္ဂရုံးချုပ် အခြေစိုက်ရာ နယူးယောက်ရှိ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးက ကျင်းပသည့် နောက်ဆက်တွဲအစည်းအဝေးများကို  အထွေထွေညီလာခံအတွင်း ကျင်းပသွားမည်ဖြစ်သည်။

တရားဝင်အားဖြင့် တရုတ်သမ္မတနိုင်ငံဟု ခေါ်ဆိုသော ထိုင်ဝမ်သည် တရုတ်က ၎င်း၏ ကိုယ်စားလှယ်နေရာကို ယူလိုက်သည့် ၁၉၇၁ ခုနှစ်မှစ၍ ကုလသမဂ္ဂမှ ထွက်ခွါခဲ့ရပြီး ထိုအချိန်မှစ၍ အထူးအေဂျင်စီများမှ ဖယ်ထုတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required