ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

(မဇ္စျိမ)။   ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၄၆ ရက် မြောက်အဖြစ် ယနေ့ စက်တင်ဘာ လ ၈ ရက်နေ့တွင် ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြသည်။ 

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသောကြောင့် ပုသိမ်-မုံရွာလမ်းတလျောက်တွင် နေထိုင်သော ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည့်ကြားမှ ဦးကျော်မိုးထွန်းအား သံတမန်ရာထူး ဆက်လက်ထားရှိရန် "Accept NUG and Our Ambassador, Reject Dictator" စာတမ်းကိုကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိ ကြောင်းကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ် ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဟုသိရသည်။ 

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required