မိုးကောင်းမြို့မှ ပျူစောထီးခေါင်းဆောင်ဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရ

မိုးကောင်းမြို့မှ ပျူစောထီးခေါင်းဆောင်ဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရ

(မဇ္ဈိမ)။ ။ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ စိုးကံသာတည်းခိုခန်းနှင့် အရက်ဆိုင်ပိုင်ရှင် ပျူစောထီးခေါင်းဆောင်ဆိုသူ မောင်စိုးကို စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီ ၃၀မိနစ်အချိန်က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း UG black K အဖွဲ့ တာဝန်ရှိသူထံမှသိရသည်။

ပျူစောထီးခေါင်းဆောင်ဆိုသူ မောင်စိုးသည် ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ်ခံ ရပြီး ခြောက်ချက်ထိမှန်ကာ ပွဲခြင်းပြီးသေဆုံးသွားသည်ဟု ဆိုသည်။

“PDF အဖွဲ့က လူငယ်တွေ ရွာမှာပြန်နေတာတွေ ဘာတွေဆို သတင်းပေးပြီး သူကိုယ်တိုင်ဖမ်းတယ်။ စကစနဲ့ပေါင်းပြီး ပျူစောထီးသင်တန်းတွေလည်းပေးတယ်။ သူ့ကို ဒလန်ဟုတ်မဟုတ် သေချာလေ့လာပြီး မှ လုပ်တာပါ။ ပစ်ဖို့လုပ်တဲ့အချိန်မှာ သူကသေနတ်ပြေးယူပေမယ့် မမှီလိုက်ဘူး၊ ပွဲချင်းပြီး သေသွားတယ်” ဟု UG black K အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မောင်စိုးသည် စစ်ထွက် ပျူစောထီးခေါင်းဆောင်ဖြစ်သည့်အပြင် ဈေးကုန်းရပ်ကွက်၏ ရာအိမ်မှူးတစ်ဦး လည်းဖြစ်ကာ ပစ်ခတ်ပြီးချိန်တွင် စစ်ကောင်စီမှလာရောက်ခြင်းမရှိဘဲ မနက်မိုးလင်းမှသာ အလောင်းကို လာရောက် ကြည့်ရှုသွားကြောင်း သိရသည်။

UG black K အဖွဲ့သည် လွတ်မြောက်နယ်မြေများတွင် စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များစုဖွဲ့ ကာ လက်ရှိအချိန်တွင် မိုးကောင်းမြို့ပေါ်တွင် မြို့ပြပြောက်ကျားအနေဖြင့် လှုပ်ရှားနေခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required