ဆော်လမွန်ကျွန်းအစိုးရက ပြည်ပစစ်ရေယာဉ်များဆိုက်ကပ်မှုကို တားမြစ်ခြင်းကြောင့် တရုတ်၏ ဩဇာအာဏာနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပိုတိုးလာ 

ဆော်လမွန်ကျွန်းအစိုးရက ပြည်ပစစ်ရေယာဉ်များဆိုက်ကပ်မှုကို တားမြစ်ခြင်းကြောင့် တရုတ်၏ ဩဇာအာဏာနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပိုတိုးလာ 

တရုတ်စစ်သင်္ဘောများ စခန်းချကာ တပ်ဖြန့်ထားသည်ဟု စွပ်စွဲပြောဆိုခံထားရသည့် ဆော်လမွန်ကျွန်းစုများတွင် နိုင်ငံခြားစစ်ရေယာဉ်များ ဆိုက်ကပ်ခြင်းကို ရုတ်တရက် တားမြစ်လိုက်ခြင်းကြောင့် တရုတ်၏ သြဇာအာဏာ ကြီးထွားလာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများထပ်မံတိုးလာသည်ဟု news.com.au  သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြ ထားသည်။

ဆော်လမွန်ကျွန်းစုသည် ပိုင်နက်အခွင့်အရေးများကို အကြောင်းပြလျက် ပြည်ပသင်္ဘောများဖြစ်သည့် ဗြိတိန်ကင်းလှည့်သင်္ဘော HMS Speyနှင့် အမေရိကန်ကမ်းခြေစောင့်သင်္ဘော Oliver Henry တို့အား ကမ်းခြေ ဆိုက်ကပ်ခွင့်ကို ငြင်းဆိုလိုက်သည်။

တရားမဝင်ငါးဖမ်းခြင်းကို ဟန့်တားရန် ၁၅ နိုင်ငံသို့ ၁၀ ရက်ကြာ မစ်ရှင်တွင် ပါဝင်ခဲ့သော  အဆိုပါ စစ်သင်္ဘောနှစ်စင်းစလုံးသည် ဒေသတွင်း အခြားဆိပ်ကမ်းများသို့ လမ်းကြောင်းပြောင်းရန် ဖိအားပေး ခံခဲ့ရကြောင်း news.com.au ကဖော်ပြခဲ့သည်။

ယခု လုပ်ရပ်သည် တောင်ပစိဖိတ်ဒေသတွင် တရုတ်၏ ကြီးမားလာသော ဩဇာအာဏာနှင့်ပတ်သက်ပြီး ဒုတိယထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။ အစောပိုင်းက ပေါက်ကြား ခဲ့သော တရုတ်နှင့်ဆော်လမွန်ကျွန်းစုများအကြား လုံခြုံရေးသဘောတူညီချက်အရ တရုတ်၏ ရင်းနှီးမြှုပ်နှံ မှုများကို ကာကွယ်ရန် ၎င်း၏စစ်သင်္ဘောများကို ဆိုက်ကပ်ခွင့်ပြုပြီး တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ခွင့်ပြုထား ပုံရသည်။

သင်္ဘောနှစ်စင်းစလုံးသည် ဆော်လမွန်ကျွန်းရှိ ဟိုနီယာရာဆိပ်ကမ်းအနီးတွင် သြဂုတ် ၃၀ ရက်က ကျောက်ချ ရပ်နားခဲ့သည်။ 

ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ် မန်နာဆက်ဆိုဂါဗာရီက နိုင်ငံတကာ ရေယာဉ်များအားလုံးအား ဆိုက်ကပ်မှု ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။

မန်နာဆက်ဆိုဂါဗာရီက ရေယာဉ်များသည် ဆိုက်ရောက်ခွင့်ရရှိရန် ရုံးသို့ လိုအပ်သောစာရွက်စာတမ်းများ မပေးပို့နိုင်ကြောင်း စွပ်စွဲပြောဆိုလျက် ဟိုနီယာရာဆိပ်ကမ်း၌ ပြည်ပရေယာဉ်များအား ဆိုက်ကပ်ခွင့် တားမြစ်ခဲ့ခြင်းဖြစ်သည်။ 

ဆော်လမွန်ကျွန်းစုများသည် တရုတ်၏ အာဏာစက်အတွင်းကျရောက်နေပုံရပြီး တရုတ်၏ ကြီးထွားလာသော ခြေကုပ်ယူမှုမှာ စိုးရိမ်စရာကောင်းလောက်အောင် သိသာထင်ရှားလှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required