ဟိုင်နန်ပြည်နယ်ဘဏ်များ၏ ငွေကြေးအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သူ ၂၃၄ ဦးကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

ဟိုင်နန်ပြည်နယ်ဘဏ်များ၏ ငွေကြေးအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သူ ၂၃၄ ဦးကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

ဟိုင်နန်ပြည်နယ်ရှိ ကျေးလက်ဘဏ်အများအပြား၏ ငွေကြေးအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သူ ၂၃၄ ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ရှုချန်မြို့ ရဲတပ်ဖွဲ့၏ အဆိုအရ ဆုံးရှုံးမှုများကို ပြန်လည်ကာမိရန် အရင်းအနှီးကို ပြန်လည်ရယူရာတွင် သိသာထင်ရှားသော တိုးတက်မှုရှိကြောင်း China Daily က ဖော်ပြခဲ့သည်။

ဇူလိုင် ၁၀ ရက်အစောပိုင်းတွင် ငွေသွင်းသူ ၁၀ဝဝ ကျော်သည် ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်၏ ကျန်းကျိုးဘဏ်ခွဲ အပြင်ဘက်တွင် စုရုံးကာ အကြီးမားဆုံးသော ဆန္ဒပြမှုကို စတင်ခဲ့သည်။

တရုတ်ဘဏ်ခွဲ ဟိုင်နန်ဘဏ်ခွဲမှ ဘဏ်ခွဲရှိ လူများ၏ စုဆောင်းငွေသည် ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်များဖြစ်ပြီး ပြန်ထုတ်ယူ၍ မရနိုင်ကြောင်း ကြေညာပြီးနောက် အဆိုပါ အဖြစ်အပျက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရှုချန်မြို့၏ ပြည်သူ့လုံခြုံရေးဗျူရို၏ စုံစမ်းစစ်ဆေးမှုတွင် သံသယရှိသူ လူယိဦးဆောင်သော ရာဇဝတ်ဂိုဏ်း သည် ယုကျိုးရှင်မန်ဆန်းအပါအဝင် ကျေးလက်ဘဏ် ၄ ခုကို တရားမဝင် ထိန်းချုပ်ထားသည်ကို တွေ့ရှိခဲ့ပြီး အဆိုပါဂိုဏ်းသည် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်သည်ဟု သံသယရှိခံထားရသည်။

ပုံမှန်အပ်ငွေအတိုးအပြင်၊ ရာဇဝတ်ဂိုဏ်းသည် တရားမဝင်ရရှိထားသောအပ်ငွေ၏တစ်စိတ်တစ်ပိုင်းကို နှစ်စဉ် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ အတိုးနှုန်းပေးပြီး “အတိုးနှုန်းထောက်ပံ့ကြေး”ကို ငါးစာအဖြစ် အသုံးချကာ အပ်ငွေများ ပိုမိုရရှိရန် ရာဇဝတ်ဂိုဏ်းက အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့သည်ဟု China Daily က ဖော်ပြခဲ့သည်။ 

အတိုးနှုန်းထောက်ပံ့ကြေးကို ငွေပွဲစားများက အလွှာအလိုက် အမြတ်ထုတ်ပြီး အချို့သော အပ်ငွေအများ အပြားအပ်နှံထားသူများလည်း ရရှိခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း China Daily တွင် ဖော်ပြထားသည်။

ဧပြီလ ၁၈ ရက်မှစတင်၍ ဟိုင်နန်ရှိ ကျေးလက်ဘဏ် ၄ ခုသည် အွန်လိုင်းဝန်ဆောင်မှုများကို ဆိုင်းငံ့ထားခဲ့ရာ ငွေအပ်နှံထားသူများသည် ၎င်းတို့၏ အပ်ငွေများကို သုံးစွဲခွင့်မရသဖြင့် ဒေါသတကြီး ကန့်ကွက်ဆန္ဒပြခဲ့ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required