ပုံဟောင်းများဖြင့် နောင်ချိုတိုက်ပွဲတွင် TNLA နှင့် PDF တို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည် ဟု ဖြန့်ဝေမှုများရှိနေ  

ပုံဟောင်းများဖြင့် နောင်ချိုတိုက်ပွဲတွင် TNLA နှင့် PDF တို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည် ဟု ဖြန့်ဝေမှုများရှိနေ  

ရန်ကုန်(မဇ္ဈိမ)။     ။ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် TNLA နှင့် PDFတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ သည်ဟု သတင်းဓါတ်ပုံများနှင့်တကွ  စစ်ကောင်စီဝါဒဖြန့်ဖေ့စ်ဘုတ်အကောင့်များတွင် ဖော်ပြလျက်ရှိ သည်။ ထိုပုံများမှာ ပုံဟောင်းများသာ ဖြစ်သည်။ 

"ခြင်္သေ့မင်း" အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ စက်တင်ဘာ ၁ ရက်နေ့တွင် "နောင်ချိုဘက်မှာ တပ်မတော် ကပဲ ၁၀၀၀ လောက်ကျသလိုလိုဖွနေလို့ မိမိဘက်မှ ထိခိုက်မှုကိုမရှိတာပါဗျာ TNLA+ပဒက် ပူးပေါင်းအဖွဲ့ ထံမှ အလောင်းအချို့ရနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ"(မူရင်းသတ်ပုံအတိုင်း)ဟု ရေးသားဖော် ပြထားပြီး ‌ဓာတ်ပုံအချို့နှင့်အတူ ဖော်ပြထားသည်။
သတင်းမှားဖြန့်ဝေသည့် လင့်ကိုအောက်တွင်ကြည့်နိုင်သည်။
https://bit.ly/3RjXymv ,
https://bit.ly/3TLCuqt

အဆိုပါသတင်းနှင့်ပတ်သက်၍ မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာတွင် ပုံအဟောင်း များကို အသုံးပြု၍ဖြန့်ဝေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။
TNLA ယူနီဖောင်းပါပုံအားစစ်ဆေးခဲ့ရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ကျောက်မဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ပုံဖြစ်ပြီး သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။
https://bit.ly/3wVpBjW

သိမ်းဆည်းရမိသည့် လက်နက်များ၏ပုံကိုစစ်ဆေးခဲ့ရာတွင် တွစ်တာရှိ "Matt W" အကောင့်မှ RCSS နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖော်ပြထားသည့် ဓာတ်ပုံသာ ဖြစ်သည်။
https://bit.ly/3TJa6W1

ထို့အပြင် နောင်ချို့မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာ မရှိခဲ့ ကြောင်းနှင့် ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာသာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မှ ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။  
https://bit.ly/3KQMSJN

ခြင်္သေ့မင်းအကောင့်၏ ဖြန့်ဝေမှုအနက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုသာ မှန်ကန်ပြီး ပုံအမှားများဖြင့် အချက်အလက်များ လွဲမှားရေးသားထားသည့် သတင်းတုသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#Fake_News
#နောင်ချို
#ပုံဟောင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required