ကျွန်းစုမြို့ ပဲ့တိုင်ရွာတွင် တိုက်ပွဲဖြစ်ပွါးရာ ပျူစောထီး ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

ကျွန်းစုမြို့ ပဲ့တိုင်ရွာတွင် တိုက်ပွဲဖြစ်ပွါးရာ ပျူစောထီး ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

စက်တင်ဘာလ ၇ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စုရှိ ပဲ့တိုင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခွဲက ထိတွေ့တိုက်ပွဲ ဖြစ်ပွါးရာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရ သည်။

အဆိုပါ တိုက်ပွဲ သည် D-Day တစ်နှစ်ပြည့် စစ်ဆင်ရေး အနေဖြင့် မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၂) နှင့် တနင်္သာရီ ကာကွယ်‌ရေး ပြောက်ကျား ပူပေါင်းအဖွဲ့တို့က ပျူစောထီးအများစုနေထိုင်ရာ ရွာထဲသို့ သွားရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တနင်္သာရီပြည်သူ့ကာကွယ်ရေး အဖွဲ့မှ PDF ရဲဘော် တစ်ဦးက"အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီ နီးပါးထိ ဖြစ်ခဲ့တယ်။ အဖွဲ့ထဲက ရဲဘော်တစ်ဦး အနည်းငယ် ဒဏ်ရာရရှိ သွားပြီးနောက် ပြန်ဆုတ်ခွာ လာခဲ့ရပါတယ်"ဟု ပြောသည်။

အဆိုပါတိုက်ပွဲကို D-Day တစ်နှစ်ပြည့် အထိမ်း အမှတ်ဟု အမည်ပေးထားပြီး တိုက်ပွဲ၌ ပျူခေါင်းဆောင် ဦးအုန်းနီ၊ ဦးမြဝင်းတို့ နှစ်ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly