အမဲရောင်အထုပ်များ၊ ပုံးများတွေ့ပါကရှောင်ရှားကြရန် တောင်ကြီးမြို့ပြပြောက်ကျားတပ်ဖွဲ့ သတိပေး

အမဲရောင်အထုပ်များ၊ ပုံးများတွေ့ပါကရှောင်ရှားကြရန် တောင်ကြီးမြို့ပြပြောက်ကျားတပ်ဖွဲ့ သတိပေး

စက်တင်ဘာလ ၇ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမဲရောင်အထုပ်များ၊ ပုံးများတွေ့ရှိပါက ပြည်သူ များအနေဖြင့် ရှောင်ရှားပြီးသွားလာကြရန် တောင်ကြီးမြို့ပြပြောက်ကျားတပ်ဖွဲ့ Taunggyi Guerilla Force (TGF) မှ စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

တောင်ကြီးမြို့အတက်လမ်း အေးသာယာ ထုံးဖိုစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများက ပြည်သူများအား မကြာခဏငွေတောင်းခံလေ့ရှိရာ ၎င်းတို့ကို Remote မိုင်းဖြင့် ဖောက်ခွဲရန်TGF အဖွဲ့က စီစဉ်ခဲ့သည်။

သို့သော် TGF အဖွဲ့မှ အဝေးထိန်းစနစ်ဖြင့်ထောင်ထားသည့် ချိန်ကိုက်မိုင်းအား အနက်ရောင်အမှိုက်အိတ် အတွင်းထည့်ထားစဉ် စက်တင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်း၌ ပြည်သူတစ်ဦးမှ ကောက်ယူသွား၍ စစ်ဆင်ရေးပျက်စီးခဲ့ရကြောင်း TGF အဖွဲ့ကဆိုသည်။

အဆိုပါ စစ်ဆင်ရေးဖော်ဆောင်ရန် TGF အဖွဲ့အနေဖြင့် အချိန်နှစ်လနီးပါးပြင်ဆင်ခဲ့ရကာ ယခုကဲ့သို့ ပြန်လည်ရုတ်သိမ်းခဲ့ရသည့်အတွက် ကျပ်နှစ်သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ ယူသွားတဲ့ပြည်သူကိုမထိခိုက်စေချင်လို့ပါဗျ။ ဆုံးရှုံးမှုကတော့ နှစ်သိန်း ကျော်ဆိုပေမယ့် အချိန်နဲ့လူပင်ပန်းခံခဲ့ရတာတွေက ပြန်ယူလို့မရခဲ့ဘူးပေါ့။ အချိန်နှစ်လနီးပါးလောက်ရင်း ပြီးလုပ်ခဲ့ရတာဆိုတော့ ခုလိုဖြစ်သွားတာ စိတ်မကောင်းဖြစ်မိတယ်ဗျ။ ယူသွားတဲ့လူကိုတော့ အစက တော့ စိတ်တိုတာပေါ့။ နောက်ပိုင်းမှ အဲဒီလူတစ်ခုခုမဖြစ်သွားတာကိုပဲ ကျေးဇူးတင်တယ်ဗျ '' ဟုTGF အဖွဲ့၏ တာဝန်ရှိသူ ကဆိုသည်။

TGF အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မတ်လနောက်ဆုံးအပတ်တွင် တပ်ဖွဲ့ဝင်ရဲဘော်လေးဦး ဖမ်းဆီးခံလိုက် ရပြီးနောက် လွတ်မြောက်နယ်မြေသို့တိမ်းရှောင်ခဲ့ရကာ ဇွန်လပိုင်း၌ မြို့ပြသို့ပြန်ဝင်ကာ ယခုစစ်ဆင်ရေး ကို ပြုလုပ်ခဲ့ခြင်းဟုသိရသည်။

'' နောက် စစ်ဆင်ရေး mission တွေပြန်လုပ်ဖို့ကတော့ အချိန်အတိုင်းတာတစ်ခုလောက် ထပ်ကြာနိုင် မယ်ဗျ။ Mission ပြန်လုပ်ဖို့ ကုန်ကျစရိတ်နဲ့ မြို့ပေါ် mission ပြန်လုပ်ဖို့နားခိုရာ အကုန်အစအဆုံးပြန် လုပ်ရမယ်ဗျ။ ကုန်ကျစရိတ်ပိုင်းကတော့ ကိုယ်ထူကိုယ်ထဆိုတော့ ကိုယ်တွေမှန်းထားတဲ့အရာနဲ့ရလာ တဲ့ အရာကတော့ကွားခြားမှုရှိတယ်ဗျ။ ဒါပေမယ့် Mission တွေကတော့ ကျွန်တော်တို့ မသေသေးသ၍ ဒီစစ်အာဏာရှင်မပြတ်သ၍တော့ လုပ်နေအုန်းမှာပါ” ဟု TGF အဖွဲ့၏ တာဝန်ရှိသူမှ ထပ်မံပြော ဆိုသည်။

တောင်ကြီးမြို့ပြ ပြောက်ကျားအဖွဲ့ဖြစ်သည့် Taunggyi Guerilla Force (TGF) သည် အခြားသော ပြောက်ကျားအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီထောက်တိုင်များ၊ သတင်းပေးများနှင့် စကစ တပ်သား များအား အခါအားလျော်စွာသတိပေးဖောက်ခွဲခြင်း၊ သုတ်သင်ခြင်းများပြုလုပ်နေကြောင်း ထုတ်ပြန်ထား သည်။

တောင်ကြီးမြို့ပြပြောက်ကျားအဖွဲ့ TGF အဖွဲ့အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ အဖွဲ့ သက်တမ်းတစ်နှစ်ကျော်ကြာခဲ့ပြီလည်းဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly