ထိုင်ဝမ်စစ်တပ်က ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မည်

ထိုင်ဝမ်စစ်တပ်က ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မည်

တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်စစ်တပ်သည်  ၎င်း၏တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် သံချပ်ကာယာဉ်များအပါအဝင် တပ်ဖွဲ့အသီးသီး၏ တိုက်ခိုက်ရေးစွမ်းရည်များကို စမ်းသပ်ရန် ထိုင်ဝမ် တောင်ပိုင်း ၌ လာမည့်သီတင်းပတ်တွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ရန် စီစဉ်ထားကြောင်း စစ်ဘက်သတင်းရင်းမြစ် တစ်ခုက CNA ကို စက်တင်ဘာ ၄ ရက်တွင် ပြောသည်။

 အမှတ် (၈) ကြည်းတပ်မ (Eighth Army Corps) သည် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ပင်တန်ကောင်တီရှိ ပူးတွဲစစ်ဆင်ရေးလေ့ကျင့်ရေးဌာနချုပ်တွင် Lien Yungစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ၄ ရက်ကြာစစ်ရေးလေ့ကျင့်မှုအတွင်း ကြည်းတပ်၏ ပူးပေါင်းစစ်လက်ရုံးတပ်ရင်း၊ စနိုက်ပါများ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် မော်တာများကို  စမ်းသပ်သွားမည်ဖြစ်သည်။

 လေတပ်နှင့် အထူးတပ်ဖွဲ့ဌာနချုပ်ကလည်း AH-64E Apache နှင့် AH-1W Super Cobra ရဟတ်ယာဉ်များကို စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နိုင်ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

 ကြည်းတပ်တပ်မကြီးသည် ထိုင်ဝမ်၏ တိုင်နန်၊ ဂေါင်ရွှန်းနှင့်ပင်တန်မြို့ကြီးများနှင့် ကောင်တီတို့ကို စောင့်ရှောက်သည့် တပ်များဖြင့် ဖွဲ့စည်းထားသည်။

 Lien Yungသည် ပူးတွဲစစ်ဆင်ရေးလေ့ကျင့်ရေးဌာနချုပ်တွင် ကြည်းတပ်က တစ်နှစ်လျှင် ၆ ကြိမ် စစ်ရေးလေ့ကျင့်မှုပြုလုပ်သည့် ကျည်အစစ်ဖြင့်လေ့ကျင့်သည့် အကြီးစားစစ်ရေးလေ့ကျင့်မှုဖြစ်သည်။

 နှစ်စဉ်ကျင်းပနေကျ တပ်ဖွဲ့များအားလုံးပါဝင်သော ဟန်ကွမ်စစ်ရေးလေ့ကျင့်မှုများအပြီး ယခုပြုလုပ်သည့် Lien Yung သည် ကြည်းတပ်၏ ဒုတိယအကြိမ်မြောက်အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly