တရုတ်ကြွေးဆုံး မန်နေဂျာများက ကျဆင်းနေသော အိမ်ခြံမြေကဏ္ဍမှ အကျိုးအမြတ်ရရှိရန် ရုန်းကန်နေရ

တရုတ်ကြွေးဆုံး မန်နေဂျာများက ကျဆင်းနေသော အိမ်ခြံမြေကဏ္ဍမှ အကျိုးအမြတ်ရရှိရန် ရုန်းကန်နေရ

တရုတ်၏ ကျဆင်းနေသော အိမ်ခြံမြေကဏ္ဍအတွက် အလားအလာမမြင်ရသေးချိန်တွင် တရုတ်ကြွေးဆုံး မန်နေဂျာများသည် နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုမှ အမြတ်အစွန်းကို ရယူရန် ရုန်းကန်နေကြသည်။

အိမ်ခြံမြေကဏ္ဍသည် လက်ရှိတွင် နိုင်ငံ့စီးပွားရေး၏ သုံးပုံတစ်ပုံခန့်ရှိပြီး အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနေချိန် တွင် အိမ်ခြံမြေကဏ္ဍ၏ ကြွေးမြီများကို အစိုးရက လျှော့ချပြီးနောက် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံစားနေရသည်။

ယင်းသည် အစိုးရ၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ပြည်တွင်း ဝယ်လိုအားကို ကျဆင်းစေခဲ့သည့် အရှိန်အဟုန်ကောင်းနေသည့် နည်းပညာ ကုမ္ပဏီများအပေါ် စည်းကမ်း တင်းကျပ်မှုများကြောင့် ဖြစ်သည်။

Country Garden ကဲ့သို့သော ငွေကြေးအရ ယုံကြည်စိတ်ချရသော အိမ်ခြံမြေကုမ္ပဏီများပင်လျှင် အမြတ် အစွန်းများ ကျဆင်းနေကြောင်း ဗြိတိန်အခြေစိုက် Financial Times က ဖော်ပြခဲ့သည်။
 
တရုတ်က အတိုးနှုန်းလျော့ချခြင်းနှင့် အိမ်ခြံမြေကဏ္ဍအတွက် ကယ်တင်ရေးအစီအမံအချို့ကဲ့သို့သော အကြံဉာဏ်များစွာကို ဖော်ဆောင်ခဲ့သော်လည်း ဆုံးရှုံးမှုကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

ဇူလိုင်လအထိ ၁၁ လဆက်တိုက် အိမ်ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ပိုင်ဆိုင်မှုမန်နေဂျာများသည် ရင်းနှီးမြှုပ်နှံမှုများ ကို ပြန်မကာမိမည်ကို စိုးရိမ်နေခြင်းကြောင့် ဈေးကွက်ဝင်ရောက်ရန် တွန့်ဆုတ်နေခဲ့သည်။

“စိတ်ပျက်နေတဲ့ ပိုင်ဆိုင်မှုစီမံခန့်ခွဲသူတွေက ဈေးကွက်ပေါက်ဈေးနဲ့ လည်ပတ်မှုအရှိန်ရှိမှသာ အလုပ်လုပ်ကြ ပါတယ်” ဟု ဟောင်ကောင်ရှိ Orient Capital Partners ၏ အုပ်ချုပ်မှုဒါရိုက်တာ အင်ဒရူးကော်လီယာက ပြောကြားခဲ့သည်။

တစ်ချိန်ကစက်မှုလုပ်ငန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် Shanghai Greencourtရင်းနှီးမြှုပ်နှံမှုအုပ်စုသည် မေလတွင် စတော့ကုန်စည်ဒိုင်မှ မနုတ်ထွက်မီတွင် ၂၀၂၁ခုနှစ်ကထက် ၂၀၂၂ခုနှစ်ပထမသုံးလပတ်တွင် အမြတ်ငွေ ၈၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစီရင်ခံတင်ပြခဲ့သည်။

ယင်း၏ ပြိုင်ဘက် GI Technologies Group သည် ၂၀၂၁ခုနှစ်တွင် သိသိသာသာ အရှုံးပေါ်ပြီးနောက် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်ယွမ်ငွေ ၁၁၃ သန်း ဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly