တရုတ်အစိုးရဝါဒဖြန့်မှုကို ဆန့်ကျင်ခဲ့သည့် တိဗက်ဘုန်းတော်ကြီး ၂ ပါးကို ထောင်ဒဏ်ချမှတ်

By Tibet Rights Collective
02 September 2022
တရုတ်အစိုးရဝါဒဖြန့်မှုကို ဆန့်ကျင်ခဲ့သည့် တိဗက်ဘုန်းတော်ကြီး ၂ ပါးကို ထောင်ဒဏ်ချမှတ်

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသည့် ဂန်ဇီစီရင်စုတွင် တိဗက် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ ပါးအား ဖမ်းဆီးပြီးနောက် ၂ နှစ်နီးပါး အဆက် အသွယ်မရအောင် ထိန်းသိမ်းခံခဲ့ရသည့်  တရုတ်ကွန်မြူနစ်ပါတီ (CCP ) က ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခဲ့ကြောင်း ဒါရမ်ဆလာအခြေစိုက် တိဗက် လူ့အခွင့်အရေးနှင့် ဒီမိုက ရေစီစင်တာမှ သြဂုတ် ၂၈ ရက်က ပြောကြားလိုက်သည်။

၎င်းတို့သည် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ခုနှစ် ဇွန်လတစ်ရက်ရက်တွင် အမှုစစ် ဆေးခဲ့ကြောင်း စင်တာက ပြောကြားခဲ့သည်။
 
ကာဒီစီရင်စု၊ ရှီချီကောင်တီရှိ ဒါဇာ ဆာဆူးဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီး တန်ဇေး ဒါဂေးသည် ထောင်ဒဏ် ၃ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ဘုန်းတော်ကြီး ရစ်ဆဲကို ၃ နှစ် ချမှတ်ခဲ့ကာ နှစ်ဦးစလုံးကို ရှီချီကောင်တီပြည်သူ့တရားရုံးက ထိုနေ့တွင်ပင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စင်တာက ပြောကြားခဲ့သည်။

သို့သော် ၎င်းတို့၏ ရုံးတင်စစ်ဆေးခြင်း သို့မဟုတ် စီရင်ချက်ချခြင်းတို့အပေါ် မိသားစုဝင်များအား အကြောင်းကြားခဲ့ခြင်း မရှိခဲ့ပေ။

ယင်းဘုန်းတော်ကြီးများ အမှုနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ မျှဝေခြင်းကို ဖမ်းမိပါက လူမှုဖူလုံရေးနှင့် အခြားနိုင်ငံတော် အကျိုးကျေးဇူးများ ဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း အာဏာပိုင်များက ပြင်းပြင်း ထန်ထန် သတိပေးထားသည်။

စီရင်ချက်ချပြီးနောက် ဘုန်းတော်ကြီးများအား ယင်းဒေသမှ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေး ကြောင်း စင်တာက ပြောကြားခဲ့သည်။

ဒလိုင်းလားမား၏ ဓာတ်ပုံနှင့် တိဗက်နိုင်ငံရေး အခြေအနေအကြောင်း အချက်အလက်များကို လက်ကိုင်ဖုန်း တွင် သိမ်းဆည်းထားသည့်အတွက် ဒါဂေးကို ရစ်ဆဲနှင့်အတူ ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဒလိုင်းလားမား၏ သွန်သင်ချက်များနှင့် ဓာတ်ပုံများကို ၎င်းက မျှဝေခဲ့ကြောင်းလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required