တရုတ်ကြွေးမြီထောင်ချောက်သံခင်းတမန်ခင်းကြောင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအပေါ် ကမ္ဘာတစ်ဝန်းတွင် အထိတ်တလန့် ဖြစ်နေ

တရုတ်ကြွေးမြီထောင်ချောက်သံခင်းတမန်ခင်းကြောင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအပေါ် ကမ္ဘာတစ်ဝန်းတွင် အထိတ်တလန့် ဖြစ်နေ

တရုတ်ကြွေးမြီထောင်ချောက်သံခင်းတမန်ခင်းသည် တရုတ်အတွက် အမြတ်အစွန်းကိုသာ ရှေးရှု့ပြီး နိုင်ငံ များကို စီးပွားရေး အကျပ်အတည်းဆီသို့ တွန်းပို့နေချိန်တွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်မှ တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာတစ်ဝန်းတွင် ထိခိုက်နစ်နာခံစားရသူများအကြား အထိတ်တလန့် ဖြစ်နေသည်။ 

ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီး ကာမယ်၏ မကြာသေးမီက သတိပေးချက် သို့မဟုတ် ဇမ်ဘီယာက အဓိက တရုတ်ငွေကြေးထောက်ပံ့သည့် စီမံကိန်းကို မကြာသေးမီက ဖျက်သိမ်းခြင်းသည် ပြတ်သားသော  ညွှန်ပြချက် ဖြစ်ကြောင်း အမေရိကန်အခြေစိုက် သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။

တရုတ်ကြွေးမြီသံခင်းတမန်ခင်းကို တားဆီးနေသည့် ဇမ်ဘီယာသည် မကြာသေးမီက တရုတ် ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကို ငြင်းဆန်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှင့် တိုးတက်မှုနှေးကွေးခြင်းက အကြွေးတင်နေသော ထွန်းသစ်စ ဈေး ကွက်များကို ပိုမိုထိခိုက်နိုင်သဖြင့် BRI မှ တစ်ဆင့် ချေးငွေများပိုမိုရယူရန် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဒုတိယ အကြိမ် ပြန်စဉ်းစားသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီးက သတိပေးခဲ့သည်။

“ကမ္ဘာတစ်ဝန်းမှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ လူတိုင်းက ဒီစီမံကိန်းကို သဘောတူ ဖို့ ဒုတိယအကြိမ် ပြန်စဉ်းစားပါလိမ့်မယ်။” ဟု အကျိုးအမြတ်မဖြစ်ထွန်းသည့် တရုတ်ကျောထောက်နောက်ခံပြုထားသည့် အခြေခံအဆောက်အအုံ စီမံကိန်း များက စီးပွားရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည့် သီရိလင်္ကာကို ညွှန်ပြပြီး ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။ 

"လူတိုင်းက တရုတ်ကို အပြစ်တင်နေကြတယ်။ တရုတ်က သဘောမတူနိုင်ဘူး။ ဒါက သူတို့ရဲ့ တာဝန်ပဲ" ဟု ကာမန်က ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် မေလတွင် နိုင်ငံတော်ကြွေးမြီ ပျက်ကွက်ခဲ့သည့် သီရိလင်္ကာသည် အရေးပေါ် ကယ်ဆယ်ရေးအတွက် IMF နှင့် ညှိနှိုင်းနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required