ပါကစ္စတန်အစိုးရကို စက်တင်ဘာ ၁၀ ရက်မတိုင်မီ ဖြုတ်ချမည်ဟု အတိုက်အခံပါတီ ခေါင်းဆောင် ပြော

By The Print
01 September 2022
ပါကစ္စတန်အစိုးရကို စက်တင်ဘာ ၁၀ ရက်မတိုင်မီ ဖြုတ်ချမည်ဟု အတိုက်အခံပါတီ ခေါင်းဆောင် ပြော

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သည့် ပြည်ပမှ တင်သွင်းသော အစိုးရကို လာမည့် စက်တင်ဘာ ၁၀ ရက် မတိုင်မီ ဖြုတ်ချမည်ဟု အတိုက်အခံပါတီဖြစ်သည့် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဖာဝက်ဒ် ချောက်ဟ်ရီက ပြောကြားလိုက်သည်။

ရာဝယ်ပင်ဒီမြို့တွင် ပြုလုပ်ခဲ့သော ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ ပထမဆုံး လူထုစည်းဝေးပွဲနှင့် ခန်းကို အကြမ်းဖက်မှုစွဲချက်ဖြင့် မမှန်မကန် အမှုဖွင့်မှု ဖြစ်စဉ်တို့ ပေါ်ပေါက်ခဲ့ပြီးနောက် လက်ရှိအုပ်ချုပ်သူတို့သည် တုန်လှုပ်ခြောက်ခြားနေပြီ ဖြစ်ကြောင်း ဖက်ဒရယ်ဝန်ကြီးဟောင်းဖြစ်သည့် ချောက်ဟ်ရီက အစ္စလမ်မာဘတ် တရားရုံးချုပ်အပြင်ဘက်၌ သတင်းထောက်များကို ပြောခဲ့သည်ဟု The News International က ဖော်ပြသည်။

လက်ရှိ ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာအပြင် အက်တောလာ တာရားနှင့် အခြားသော PMLN ပါတီဝင် ပုဂ္ဂိုလ်တို့က အစိုးရအုပ်ချုပ်သူတို့ကို ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ခဲ့သော်လည်း ၎င်းတို့အပေါ် မည်သည့် အရေးယူမှ မရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့အကြီးအကဲ၊ ဒုအကြီးအကဲနှင့် ရာဇဝတ်တရားသူကြီးတို့ကို ဥပဒေအရ အရေးယူရလိမ့်မည် ဖြစ်သည်ဟု အီမရန် ခန်းက ပြောခဲ့ခြင်းသည်ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် မီဒီယာဂရု(ပ်)အချို့၏ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုကို ထူထောင်ရန် ပါကစ္စတန်၏ သမိုင်းတွင် အကြီးမားဆုံးသော ဆင်ဆာဖြတ်တောက်မှု လုပ်ငန်းတစ်ခုကို မီဒီယာအပေါ် ပစ်မှတ်ထား လုပ်ဆောင်ထား ခဲ့ကြောင်း ၎င်းက ထပ်မံထောက်ပြခဲ့သည်။

အီမရန် ခန်း၏ သွားရာ လမ်းခရီးတွင် အတားအဆီး ခလုတ်ကန်သင်းများ ပေါ်ပေါက်ပါက PTI ပါတီအနေဖြင့် ဥပဒေအရ ရင်ဆိုင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း PTI ဒုဥက္ကဋ္ဌ ရှား မာမွတ်ဒ် ကူရီရှီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly