ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၅၄၁ ရက်မြောက် ဆက်လက်ချီတက်

ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၅၄၁ ရက်မြောက် ဆက်လက်ချီတက်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၄၁ ရက် မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၃ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ Accept NUG & Our Ambassador Reject Dictator” စာတန်းကို ကိုင်စွဲပြီး ကမ္ဘာ့ကုလသမဂ္ဂ တာဝန်ရှိသူများအား ဦးကျော်မိုးထွန်း ကို သံတမန်ရာထူးဆက်လက်ထားရှိရန် NUG အစိုးရနှင့် မြန်မာပြည်သူလူထုကထောက်ခံပြီး၊ စစ်ကောင်စီကို အသိအမှတ်မပြုရန် တောင်းဆိုခဲ့ကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဆာလင်းကြီးမြို့နယ်

#စစ်အာဏာရှင်

#သံတမန်ရာထူး

#ဆန္ဒပြ

(ပုံသတင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly