တရုတ်က ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းဖြင့် စီးပွားရေးအားနည်းချက်ရှိသောနိုင်ငံများကို သွေးဆောင်ဖြားယောင်းနေ

တရုတ်က ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းဖြင့် စီးပွားရေးအားနည်းချက်ရှိသောနိုင်ငံများကို သွေးဆောင်ဖြားယောင်းနေ

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကတိကဝတ်များဖြင့် စီးပွားရေးအရ ထိခိုက်လွယ်ပြီး ဗျူဟာမြောက် အရေးပါသော နိုင်ငံများကို သွေးဆောင်ဖြားယောင်းလျက် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး တရားဝင်မြီရှင် ဖြစ်လာသည်။
 
ဖွံ့ဖြိုးပြီးနှင့် မဖွံ့ဖြိုးသေးသောနိုင်ငံများသည် ငွေကြေးအကူအညီကို ရှာဖွေနေကတည်းက တရုတ်နိုင်ငံသည် ချေးငွေများ ပံ့ပိုးပေးခြင်းဖြင့် ၎င်း၏စီးပွားရေးလွှမ်းမိုးမှုအပေါ် အမြတ်ထုတ်အသုံးချလျက်ရှိသည်။

စီးပွားရေး ပြန်လည်နိုးထလာရန် ကြိုးပမ်းနေသည့် နိုင်ငံများသည် တရုတ်၏ ရန်ပုံငွေကို အားထားလာရသည်။ ဥပမာအားဖြင့် သီရိလင်္ကာနိုင်ငံ၏ အခြေအနေသည် စီးပွားရေးအရရော နိုင်ငံရေးအရပါ မိုမိုဆိုးရွားလာသည်။ သီရိလင်္ကာသည် ၂၀၂၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၆ ဘီလီယံကျော် ချေးယူခဲ့ပြီး ၎င်း၏စီးပွားရေး ပြန်လည်နာလန်ထူရန် ရံပုံငွေများ အဆက်မပြတ်ရှာဖွေနေခဲ့သည်။ 

ထို့ပြင် အာဖရိကတိုက်မှ ဇမ်ဘီယာနိုင်ငံသည်  တရုတ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း စတင်ပြီးနောက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသည်။ စီမံကိန်းစတင်ချိန်မှစ၍ ဇမ်ဘီယာသည် တရုတ်နိုင်ငံမှ ငွေကြေး ထောက်ပံ့သော အခြေခံအဆောက်အအုံ စီမံကိန်းကြောင့် ဆက်မခံသာတော့သော ကြွေးမြီပြဿနာနှင့် ကြုံတွေ့နေရသည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အကြွေးပြဿနာရှိသောနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ဆောင်လာသောကြောင့် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံများအတွက် တရုတ်ချေးငွေ သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း သုံးဆတိုးလာခဲ့ပြီး ၂၀၂၀ ခုနှစ်ကုန်တွင် အမေရိကန် ဒေါ်လာ ၁၇၀ ဘီလီယံအထိ ရှိလာသည်။

 တရုတ်ချေးငွေရယူထားသည့်နိုင်ငံများတွင် ဂျီဘူတီ၊ လာအို၊ ကာဂျစ္စတန်နှင့် သီရိလင်္ကာကဲ့သို့သော ပထဝီအနေအထားအရ အရေးပါသော နိုင်ငံများလည်းပါဝင်သည်။ ဝင်ငွေနည်းနှင့်ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတစ်ခုတည်းဖြင့်ပင် အကြွေးနွံနစ်နေကာ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈၅ ဘီလီယံအထိ ရှိလာသည်။

 အကြွေးထောင်ချောက် သံခင်းတမန်ခင်းသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအောက်၌ တရုတ်က လက်ခံ ကျင့်သုံးသော လှည့်စားသည့်နည်းလမ်းဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်စီးပွားရေး၊ စစ်ရေး သို့မဟုတ် နိုင်ငံရေး ရည်မှန်းချက် များအတွက် လက်ခံသူနိုင်ငံ၏ကြွေးမြီကို မဟာဗျူဟာကျကျ အသုံးချရန် သို့မဟုတ် အကြွေးပြန်ဆပ်ရန် နည်းလမ်းအဖြစ် နိုင်ငံများ၏ပိုင်ဆိုင်မှုများကို သိမ်းယူရန် ဖွံ့ဖြိုးတိုးတက်ရေးဟူသော အသွင်အောက်၌ အန္တရာယ်ကို ကြိုမသိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပွင့်လင်းမြင်သာမှုမရှိသော ချေးငွေစနစ်များဖြင့် ငွေအမြောက်အမြား ထုတ်ချေးပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly