စီးပွားရေးကျဆင်းနေသော တရုတ်မှ ဂျပန်ကုမ္ပဏီများ ထွက်ခွာ

စီးပွားရေးကျဆင်းနေသော တရုတ်မှ ဂျပန်ကုမ္ပဏီများ ထွက်ခွာ

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ဆိုင်ရာအသွားအလာပိတ်ဆို့မှု၏ သက်ရောက်မှုနှင့် ထိုင်ဝမ်ရေ လက်ကြားနှင့်ပတ်သက်၍ တရုတ်နှင့်အမေရိကန်အကြား တင်းမာမှုများ မြင့်တက်လာခြင်းတို့ကြောင့် ချစ်ပ်ပြား ထုတ်လုပ်သူများ အပါအဝင် ဂျပန်ကုမ္ပဏီများ အများအပြားသည် တရုတ်နိုင်ငံမှ စတင်ထွက်ခွာနေကြပြီ ဖြစ်သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အလှကုန်ပစ္စည်းများ၊ အဝတ်အထည်၊ အိမ်သုံးအသုံးအဆောင်များနှင့် မော်တော်ကား များ ထုတ်လုပ်သည့် ကုမ္ပဏီ ၁၃၅ ခုသည် တရုတ်နိုင်ငံအတွင်းမှ ၎င်းတို့ လုပ်ငန်းများကို စတင်ဖျက်သိမ်းနေပြီဟု ဂျပန်မီဒီယာ Asahi Shimbun ကို ကိုးကား၍ Singapore Post က ဖော်ပြခဲ့သည်။

ဂျပန်ကုမ္ပဏီအများအပြားသည် ၎င်းတို့၏ကုန်ထုတ်လုပ်မှုအခြေစိုက်ကုမ္ပဏီများကို ဗီယက်နမ်နှင့် တောင်အာရှဒေသရှိ နိုင်ငံများသို့ ပြောင်းရွှေ့နေချိန်တွင် အခြားကုမ္ပဏီများသည် ယန်းငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် ၎င်းတို့၏အမြတ်အစွန်းကို ထိခိုက်လာသည်ဟု ခံစားမိသဖြင့် ၎င်းတို့နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ကြသည်။ 
 
ရှန်ဟိုင်းတွင် ၂ လကြာအသွားအလာပိတ်ဆို့မှု၊ နိုင်ငံတချို့နေရာများတွင် ပြင်းထန်သော ကိုဗစ်-၁၉ ပိတ်ဆို့မှုနှင့် ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ခရီးသွားကဏ္ဍများတွင် အနှောင့်အယှက်များဖြစ်ခြင်းတို့ကြောင့် တရုတ်၏ စီးပွားရေး အားလျော့လာရခြင်းဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။

ဂျပန်နိုင်ငံသည် ၎င်းထုတ်ကုန်များ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပတွင် ထုတ်လုပ်နေပြီး ယင်းတို့အနက် တရုတ်နိုင်ငံတွင် အများအပြား ထုတ်လုပ်လျက်ရှိသည်။ တိုယိုတာ၊ ဟွန်ဒါ၊ နစ်ဆန်း၊ မာဇဒါ၊ ဆူဇူကီး၊ ကာဝါဆာကီ၊ မစ်ဆူဘီရှီ၊ တိုရှီဘာ၊ ဟီတာချီ၊ ဆိုနီ၊ နီကွန်၊ ကာနွန်၊ နီကွန်၊ ကန်နွန်နှင့် ပိုင်အိုးနီးယားတို့သည် တရုတ်တွင် အခြေစိုက်ကုမ္ပဏီများရှိကြောင်း The Singapore Postက ဖော်ပြသည်။ 

ဂျပန်အခြေစိုက် ဘဏ္ဍာရေးဆိုင်ရာ သုတေသသနနှင့်ထောက်ပံ့ရေးဝန်ဆောင်မှုမှပြုလုပ်သောစစ်တမ်းအရ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်ကုမ္ပဏီပေါင်း ၂၄၉ ခုသည် တရုတ်နိုင်ငံမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။ 

ဂျပန်ကုမ္ပဏီများသည် ၂၀၂၂ ခုနှစ်တွင် ၎င်းတို့ကုန်ထုတ်လုပ်မှုများကို တရုတ်နိုင်ငံပြင်ပတွင်ပြောင်းရွှေ့ရန် အရှိန်မြှင့်လာခဲ့သလို ဂျပန်ကုမ္ပဏီ ၁၃၅ ခုသည် တရုတ်နိုင်ငံမှာ ထွက်ခွါခြင်း သို့မဟုတ် တရုတ်နိုင်ငံပြင်ပတွင် ပြောင်းရွှေ့အခြေစိုက်ရန်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required