Sydney Olympics 2000 အကြိုဗိုလ်လုပွဲတွင် အရှုံးပေးရန် တရုတ်အာဏာပိုင်များက အမိန့်ပေးခဲ့ကြောင်း ကြက်တောင် ကစားသမား ပြောကြား

Sydney Olympics 2000 အကြိုဗိုလ်လုပွဲတွင် အရှုံးပေးရန် တရုတ်အာဏာပိုင်များက အမိန့်ပေးခဲ့ကြောင်း ကြက်တောင် ကစားသမား ပြောကြား

ဩစတြေးလျနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်က ကျင်းပခဲ့သည့် Sydney Olympics အကြိုဗိုလ်လုပွဲတွင် ကုံးကျိချောင်က ပြိုင်ဘက်အသင်းကို အနိုင်ရချေများခြင်းကြောင့် အမျိုးသမီးတစ်ဦးချင်းဆီမီးဖိုင်နယ်တွင် ၎င်းအား အရှုံးပေးလိုက်ရန်  တာဝန်ရှိသူများက အမိန့်ပေးခဲ့ကြောင်း တရုတ်ကြက်တောင်ကစားသမား ရဲကျောက်ယင်က ထုတ်ဖော်ပြောကြား လိုက်သည်။ 

ကမ္ဘာ့နံပါတ်တစ် ကြက်တောင်ကစားသမားဟောင်း ရဲသည် ပြိုင်ပွဲတွင် နောက်ဆုံးလေးဦးကျန်သည့် အကြိုဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သည်။ 

ထိုအတောအတွင်း ဒိန်းမတ်မှ ခမီးလာ မာတင်နှင့် တရုတ်မှ ထိုင်းယန် တို့သည် ဒုတိယအကြိုဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဖြစ်သည်။
 
ရဲ နှင့် နိုင်ငံတူချင်း ကစားဘက် ကုံးတို့သည် ပထမပွဲကစားနေချိန်တွင် တရုတ်တာဝန်ရှိသူများက ရွှေတံဆိပ် ရရှိရန် အကောင်းဆုံးအခွင့်အရေးကို လိုလားကြပြီး ဒိန်းမတ်မှ မာတင်က ဗိုလ်လုပွဲသို့ တက်ရောက်လာပါက ကုံးကျိချောင်သည် အနိုင်ရနိုင်ချေပိုများကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အားကစားပြိုင်ပွဲသတင်းတင်ဆက်သည့် ဗြိတိန်အခြေစိုက် သတင်းဌာနက ဖော်ပြခဲ့သည်။

ဒိန်းမတ်ရုပ်သံလိုင်း TV 2 Sport ၏ အဆိုအရ တရုတ်အသင်းနည်းပြချုပ် လီယုန်ဘိုနှင့် အမျိုးသမီး တစ်ဦးချင်း နည်းပြချုပ် တန်ရှဲဟွားတို့က ရဲအား ရည်ရွယ်ချက်ရှိရှိအရှုံးပေးရမည်ဖြစ်ကြောင်း ပြိုင်ပွဲမတိုင်ခင်ညဘက်တွင် ရဲအား ပြောကြားခဲ့သည်။  

"ရှင်က စနစ်တစ်ခုလုံးကို တစ်ယောက်ထဲ ဆန့်ကျင်နေတဲ့အတွက် ရှင် စွမ်းအားမရှိသလို ခံစားရမယ်" ဟု TV 2 Sport ၏ ရုပ်သံလိုင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေသည့် ဂျက်ကော့ ကွီရမ်၊ မာတင်တို့နှင့် လူတွေ့ မေးမြန်းခန်း တစ်ခုတွင် ရဲက ပြောကြားခဲ့သည်။

"အိုလံပစ်ပြိုင်ပွဲက အားကစားသမားတစ်ယောက်အတွက် တစ်သက်မှာ တစ်ကြိမ်သာရတဲ့ အခွင့်အရေး ဖြစ်လို့ ကိုယ်က အရှုံးပေးရမယ်လို့ ဆိုလာတဲ့အခါ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် တစ်ဦးချင်း အနေနဲ့တော့ စနစ်တစ်ခုလုံးကို ဆန့်ကျင်ပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး" နည်းပြ ၂ဦးက အရှုံးပေးသာ မသိသာစေရန်နှင့် ၃ ပွဲကစားပြီး ကုံးကို ပွဲပန်းအောင်မပြုလုပ်ရန်လည်း ပြောကြား ခဲ့ကြောင်း သူမက စွပ်စွဲခဲ့သည်။ 

ရလဒ်ကို ပြုပြင်ရန်အတွက် အိုလံပစ်ချန်ပီယံတစ်ဦးအား ပေးအပ်သည့်ငွေနှင့် ညီမျှသောဆုကြေး တရုတ် ယွမ် ၁၁၂ ၅၀ဝ (ဒေါ်လာ ၁၆၃၀ဝ)ကို ရဲအား ပေးအပ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required