ခင်ဦးမြို့နယ် ရွှေကူတဲစု ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး

By လွှမ်းမိုး
02 September 2022
ခင်ဦးမြို့နယ် ရွှေကူတဲစု ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး

စက်တင်ဘာ ၂

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက်ခြမ်း လေးမိုင်ခန့်အကွာရှိ ရွှေကူတဲစုကျေးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သြဂုတ်လ ၃၁ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ဒေသခံရဲဘော်တစ်ဦးက ဆိုသည် ။

"ကျနော်တို့ ထိတွေ့တိုက်ပွဲ ဖြစ်နေချိန်မှာ စစ်ကောင်စီတပ်ကို တခြား ခင်ဦးဒေသခံအဖွဲ့တစ်ခုက အနီးကပ် နောက်ကနေ ဝင်တိုက်ခဲ့ရတယ် ။ တိုက်ပွဲကြာချိန် ကတော့ တစ်နာရီလောက် ကြာသွားတယ်။ စစ်ကောင်စီ တပ်သား ရှစ်ဦးသေဆုံးပြီး အထိအခိုက်ကတော့ တော်တော်လေး များတယ် ။ နေ့လည်ပိုင်း ၁၂ နာရီခွဲ လောက်မှာ စစ်ကား သုံးစီးနဲ့ အလောင်းလာကောက် သွားတယ်”ဟုဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်က ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာကို တပ်စွဲထားပြီး နီးစပ်ရာ ကျေးရွာများကို မွှေနှောက် ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့

#စစ်ကောင်စီတပ်

#ကာကွယ်ရေးတပ်ဖွဲ့

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly