တစ်ဝက်ဆိုင် ပဲ့ကိုင်ရှင်နှင့် တွေ့ဆုံခြင်း 

တစ်ဝက်ဆိုင် ပဲ့ကိုင်ရှင်နှင့် တွေ့ဆုံခြင်း 

မဇ္ဈိမ။ ။ ကရင်နီဒေသရဲ့တစ်နေရာမှာ စစ်ဘေးရှောင်ဒေသခံများအတွက် ရည်ရွယ်ပြီး ကုန်ပစ္စည်းတစ်ခု၏တန်ဖိုးရဲ့ တစ်ဝက်ငွေသာကျသင့်မယ့် ကုန်စုံဆိုင်တစ်ခုကို လူငယ်တွေက သြဂုတ်လ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုဒဏ်၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလာခြင်းနှင့် ငွေကြေးစီးဆင်းမှု ပိုမိုကြပ်တည်းလာတဲ့အခြေအနေကို ခံစားနေရတဲ့ ကရင်နီဒေသအတွင်းက စစ်ဘေးရှောင်များအတွက် ရည်ရွယ်ဖွင့်လှစ် ရာင်းချနေခြင်းဖြစ်ပါတယ်။

“ရိုးရိုး ကုန်စုံဆိုင်ပုံစံများပါပဲ ။ ငပိ ၊ ငါးခြောက် ၊ အသားတု အခြေခံစားသောက်ကုန်တွေပါမယ်။ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေပါမယ်။ အမျိုးသား အမျိုးသမီးအတွင်းခံ ၊ဘော်လီတွေပါမယ်။ စစ်ဘေးရှောင်စခန်းမှာ ကိုယ်ထူကိုထ စာသင်ကျောင်းတွေရှိတတ်တော့ စာရေးကိရိယာတွေ ပါမယ်။ ကလေးငယ်တွေစားဖို့ မုန့်လေးတွေကအစ ဒိုက်ဘာတို့ကအစ ပါမယ်။ သူတို့တောင်းဆိုတဲ့ ကွမ်းရွက်တို့ ကွမ်းပစ္စည်းလေးတွေ ကို ဖြည့်ပေးသွားဖို့ရှိပါမယ် “ လို့ HOPE – The Humanitarian Organization ရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ မနစ်ဇ်ဇို က မဇ္စျိမနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

တစ်ဝက်ဆိုင် ဘယ်လိုဖြစ်တည်လာသလဲ၊ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ ဆိုင်ဖြစ်တည်လာတဲ့အခါ စစ်ဘေးရှောင်တွေရဲ့ တုန့်ပြန့်မှုတို့ကို HOPE – The Humanitarian Organization ရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ မနစ်ဇ်ဇို ကို မဇ္စျိမသတင်းဌာနရဲ့ သတင်းထောက် ကိုထွန်းထွန်းဝင်းက မေးမြန်းတင်ဆက်ထားပါတယ်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး 

#အင်တာဗျူး
#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly