မြိတ်အကျဉ်းထောင်းမှ လွှတ်ရက်စေ့ အကျဉ်းသား ၂၅ ဦးပြန်လွှတ်ပေး၊ နိုင်ငံရေး အကျဉ်းသား တချို့ ပါဝင်လာ

By ကိုရွှေမြိတ်
01 September 2022
မြိတ်အကျဉ်းထောင်းမှ လွှတ်ရက်စေ့ အကျဉ်းသား ၂၅ ဦးပြန်လွှတ်ပေး၊ နိုင်ငံရေး အကျဉ်းသား တချို့ ပါဝင်လာ

စက်တင်ဘာ ၁

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက လွှတ်ရက်စေ့ အကျဉ်းသား ၂၅ ဦးလွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားတချို့ ပါလာကြောင်း မြိတ်ဒေသခံများထံက သိရသည်။

မြိတ်အကျဉ်းထောင်သို့ သွားရောက် ကြိုဆိုခဲ့သူ မြိတ်ဒေသခံတစ်ဦးက “ဒီနေ့ မနက် ၈ နာရီလောက်မှာ အကျဉ်းသား၊ အကျဉ်းသူ ၂၅ ဦး လွှတ် ပေးလိုက်တာပါ ။ ဒီအထဲမှာ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား တချို့တော့ ပါလာတာ တွေ့ရတယ်”ဟု ပြောသည်။

ပြန်လွှတ်လာသည့် အကျဉ်းသား၊ အကျဉ်းသူ ၂၅ ဦးတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး လေးဦးတို့ ပါဝင်လာကြောင်းစုံစမ်းသိရသည်။

အဆိုပါ လွှတ်ရက်စေ့ အကျဉ်းသား၂၅ ဦး အနက် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ပါဝင်လာကြောင်း ယင်းအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသား၁၉ ဦး သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြိတ်မြို့နယ် ဆိပ်ငယ်ရပ်ကွက်ရှိ ခြင်္သေ့သုံးကောင်အနီး သပိတ်စစ်ကြောင်းတွင် အကြမ်းဖက် ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း

#မြိတ်အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly