ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် ဂျာနယ်လစ် ၁ ဦး ပစ်သတ်ခံရ

ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် ဂျာနယ်လစ် ၁ ဦး ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ရှော့ကော့တ်မြို့ သတင်းမီဒီယာအသင်းတိုက်၏ ဥက္ကဋ္ဌ ဖြစ်သလို အကြီးတန်း ဂျာနယ်လစ်တစ်ဦးလည်း ဖြစ်သည့် မိုဟာမက် ယောနစ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်က မည်သူမည်ဝါ မသိရသော တိုက်ခိုက်သူများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

ယောနစ်သည် အူရဒူ ဘာသာဖြင့် ဖော်ပြသည့် နေ့စဉ်သတင်းစာ Express ၏ သတင်းထောက်တစ်ဦး ဖြစ်ကြောင်းနှင့် ၎င်းသည် အဆိုပါနေ့က မိုဇာ မန်ဂန်ဝါလာရှိ ၎င်း၏ စိုက်ပျိုးမွေးမြူရေးမြေသို့ ဆိုင်ကယ်ဖြင့် ပြန်လာခဲ့စဉ် လယ်ကွင်းတစ်ခု၌ ပုန်းနေခဲ့သည့် အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့သည့်အတွက် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
 
တိုက်ခိုက်သူများသည် နေရာမှ ထွက်ပြေးလွတ်မြောက်သွားသည်။

ဂျာနယ်လစ်ကို ပစ်သတ်ခဲ့သည့် တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေး လုပ်ဆောင်ရန် ဂျဟန်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ရာရှစ် ဟီဒါယတ်က ညွှန်ကြားခဲ့သလို ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ရှော့ကော့တ်မြို့ ဒုရဲမှူး နှင့် အခြား ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့သည်။

ပန်ဂျပ်ပြည်နယ် ရဲချုပ် ဖိုင်ဆယ် ရှာကာကလည်း ထိုလူသတ်မှုဖြစ်စဉ်ကို အလေးထားလျက်ရှိပြီး ဖိုင်ဆာလာဘတ် ဒေသရဲတပ်ဖွဲ့အကြီးအကဲ ဘာဘာ ဆာဖရာ့ဇ် အယ်လ်ပါထံမှ အစီရင်ခံစာကို တောင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly