ပါကစ္စတန် ရေဘေးကြောင့် လူသန်းပေါင်းများစွာ ထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့

ပါကစ္စတန် ရေဘေးကြောင့် လူသန်းပေါင်းများစွာ ထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့

ပါကစ္စတန်နိုင်ငံတွင် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးအဖြစ် မိုးကြီးပြီး ရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်နေရစဉ် ရေဘေးကြောင့် လူပေါင်း ၅ ဒသမ ၇ သန်းကျော် ထိခိုက်ခဲ့ကြောင်း The News International မီဒီယာက ဖော်ပြသည်။

အဆိုပါနိုင်ငံတွင် ရေဘေးကျရောက်စဉ် ကယ်ဆယ်ရေး၊ သက်သာရာရစေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
 
ကြီးမားသော ရေဘေးကြောင့် ခြံမွေးတိရစ္ဆာန်ကောင်ရေ ၇၁၉၅၅၈ ကောင်ခန့် သေဆုံးခဲ့ကြောင်း The News International မီဒီယာက ဖော်ပြသည်။

လက်ရှိတွင် ရေကြီးမှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သော သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပါကစ္စတန်အစိုးရသည် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အဆင့်များ တွင် အလှူငွေအကူအညီများ တောင်းခံထားသည်။

ရေကြီးမှုကြောင့် အဆိုပါနိုင်ငံတွင် စိုက်ပျိုးမြေနှင့် အခြေခံအဆောက်အအုံများ အကြီးအကျယ် ထိခိုက်ခဲ့ပြီး ရေဘေးသင့် ပြည်နယ်များတွင် နေအိမ်အလုံးပေါင်း ၉၄၉၈၅၈ လုံး ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါနိုင်ငံတွင် ဇွန်လနောက်ပိုင်း ရေကြီးမှုကြောင့် သေဆုံးသူဦးရေသည် ၁၀၀၀ ကျော်အထိ ရှိနေသလို အခြားလူပေါင်းထောင်ချီသည်လည်း ဒဏ်ရာရရှိ သို့မဟုတ် နေအိမ်များကို စွန့်ခွာထားခဲ့ကြရသည်။

တရုတ်တွင် ဇွန်လ ၁၄ ရက်နောက်ပိုင်း မိုးကြီးပြီး ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၁၀၃၃ ဦးထက်မနည်း သေဆုံးပြီး ၁၅၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသား သဘာဝဘေးဒုက္ခဆိုး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) ကို ကိုးကားပြီး Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly