တရုတ်၏တင်းကျပ်သောဥပဒေများက ဟောင်ကောင်သားများအား ပြည်ပနိုင်ငံများသို့ထွက်ခွာရန် တွန်းအားပေးနေ

တရုတ်၏တင်းကျပ်သောဥပဒေများက ဟောင်ကောင်သားများအား ပြည်ပနိုင်ငံများသို့ထွက်ခွာရန် တွန်းအားပေးနေ

တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်နိုင်ငံသားများကို အခြားနိုင်ငံများသို့ ထွက်ခွာရန် တွန်းအားပေးနေကာ ၎င်း၏အစိုးရနှင့် တရုတ်ကို အားကိုးအားထားပြုသည့်စီးပွားရေးကဏ္ဍများအကြားတွင်  စိုးရိမ်မှုများ မြင့်တက်လာစေသည်။

ဇွန်လအကုန်က ဗြိတိန် နိုင်ငံသားဖြစ်ခွင့်ပေးမည့်  ဗီဇာကို လျှောက်ထားသူ ဟောင်ကောင်သား ၁၄၀ ၅၀၀ ဦးရှိခဲ့ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ ဇွန်လကုန်အထိ ဟောင်ကောင် လူဦးရေစုစုပေါင်းမှာ ၇ ဒသမ ၂၉ သန်းရှိပြီး ယခင်နှစ်ထက် ၁၂၀,၀၀၀ ခန့် လျော့နည်းသွားကာ ၁၉၆၁ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်သည်။

အစိုးရက မွေးဖွားမှုထက် သေဆုံးမှုများခြင်းကြောင့် လူဦးရေလျော့ခြင်းဖြစ်ကြောင်း ပြောသော်လည်း အဓိကအကြောင်းရင်းမှာ ပြီးခဲ့သည့်တစ်နှစ်အတွင်း ပြည်ပသို့ထွက်ခွာသူ ၁၁၀ ၀၀၀ ဦးရှိခြင်းကြောင့် ဖြစ်သည်။

တရုတ်အစိုးရက ဟောင်ကောင်ကျောင်းများကို ထိန်းချုပ်မှု တင်းကျပ်လာသည်နှင့်အမျှ ကလေးရှိသော မိသားစုများသည် ပညာရေးတွင် ပိုမိုလွတ်လပ်သော ဗြိတိန်နှင့်ကနေဒါနိုင်ငံများသို့ ပြောင်းရွှေ့သွားကြသည်။

 ဒီမိုကရေစီဆန္ဒပြပွဲကြီးများ တစ်ဖန်ပေါ်ပေါက်လာသော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အကြားတွင် ပြည်ပရှိ ဗြိတိန်နိုင်ငံသားများအတွက်ထုတ်ပေးသော BNO နိုင်ငံကူးလက်မှတ်ထုတ်ယူမှုမှာ ပြီးခဲ့သည့် ၃ နှစ်ထက် ၇ ဒသမ ၆ ဆ ပိုများခဲ့သည်။

တရားဝင်ကိန်းဂဏန်းများအရ ဟောင်ကောင်တွင် အလုပ်လုပ်နိုင်သူ အရေအတွက်  ၃ ဒသမ၇၆ သန်း သာရှိခဲ့ပြီး ၃ နှစ်အတွင်း ၆ ရာခိုင်နှုန်းကျဆင်းသွားသည်။
 
နိုင်ငံပြင်ပသို့ ဟောင်ကောင်သားများ အမြောက်အမြားထွက်ခွာမှုအပြင် တင်းကျပ်သော ကိုရိုနာ ဗိုင်းရပ်စ်ကန့်သတ်ချက် များက ကျွမ်းကျင်ပညာရှင်များ ဝင်ရောက်မှုကိုလည်း အဟန့်အတားဖြစ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required