ထိုင်ဝမ်သည် တရုတ်ရှိ ဝီဂါကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့နိုင်ကြောင်း အမေရိကန်က သတိပေး

ထိုင်ဝမ်သည် တရုတ်ရှိ ဝီဂါကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့နိုင်ကြောင်း အမေရိကန်က သတိပေး

ထိုင်ဝမ်သည် တရုတ်ကျူးကျော်မှုကို ခံရပါက ရှင်ကျန်းဒေသရှိ အဖိနှိပ်ခံဝီဂါများကဲ့သို့ အလားတူကံကြမ္မာမျိုး ကြုံရနိုင်သည်ဟု ကမ္ဘာတစ်ဝန်း ဘာသာရေးလွတ်လပ်ခွင့်ကို စောင့်ကြည့်သည့် အမေရိကန် အေဂျင်စီအကြီးအကဲက ဩဂုတ် ၃၀ ရက်တွင် ပြောလိုက်သည်။

“ထိုင်ဝမ်အနေနဲ့ ဝီဂါလူမျိုးတွေ ဖြစ်ပျက်နေတာကို နားလည်သဘောပေါက်ရမယ်လို့ ကွန်မြူနစ် အာဏာပိုင်တွက အတိအလင်း လုပ်ပြထားတာပါ” ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နူရီတာကယ်က တိုင်ပေ၌ နှစ်ရက်ကြာကျင်းပသည့် ဒေသဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
 
“ထိုင်ဝမ်ကို ကာကွယ်ဖို့ ပျက်ကွက်ရင် ထိုင်ဝမ်ပြည်သူတွေအတွက် အလားတူ ကံကြမ္မာက စောင့်ကြိုနေပါတယ်” ဟု တာကယ်က ဆိုသည်။

အဆိုပါပွဲကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်ဝမ်ရှိ အမေရိကန်အင်စတီကျူနှင့် ဒီမိုကရေစီရေးရာ ထိုင်ဝမ်ဖောင်ဒေးရှင်းတို့က ပူးတွဲကျင်းပခြင်းဖြစ်သည်။

“တရုတ်ကွန်မြူနစ်ပါတီက ဝီဂါလူမျိုးတွေအပေါ် ပြုမူလုပ်ဆောင်ပုံတွေကို ကျွန်တော်တို့ တွေ့မြင်ပြီးပါပြီ။ ဟောင်ကောင်ပြည်သူတွေအပေါ် တရုတ်အစိုးရက ဘာလုပ်နေလဲ၊ နိုင်ငံရေးပန်းတိုင်တစ်ခုအနေနဲ့ ရှန်ဟိုင်းမှာ ရှိတဲ့ သူတို့ပြည်သူတွေကို သူတို့ဘယ်လိုဆန္ဒရှိတယ်ဆိုတာကို သိပါတယ်။ 

တရုတ်ခေါင်းဆောင်တွေဟာ ထိုင်ဝမ်ကိုလည်း အလားတူပုံစံလုပ်မယ်ဆိုတာ အသေအချာပါပဲ” ဟု ဝါရှင်တန်အခြေစိုက် ဝီဂါ-အမေရိကန် ရှေ့နေနှင့် လူ့အခွင့်ရေးထောက်ခံသူတစ်ဦးဖြစ်သည့် တာကယ်က ပြောသည်။

“ထိုင်ဝမ်ဟာ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို လေ့လာရပါမယ်။ နေ့ခင်းကြောင်တောင်မှာဖြစ်ပျက်နေတဲ့ ထိတ်လန့်စရာတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သင်ခန်းစာယူရပါမယ်။ အကောင်းဆုံးကို မျှော်လင့်ပြီးတော့ စောင့်ကြည့်နေလို့မရသလို ဒီလိုကံကြမ္မာမျိုးက လွတ်မြောက်မယ်ဆိုပြီး မျှော်လင့်နေလို့ မရပါဘူး” ဟု တာကယ်က ဆိုသည်။ 

တရုတ်တွင် အဓမ္မခိုင်းစေခံထားရသည့် ဝီဂါများ၏လုပ်အားဖြင့် ပြုလုပ်သော ကုန်ပစ္စည်းများကို တားမြစ်ရေး ကြိုးပမ်းမှုတွင် စိတ်တူကိုယ်တူလစ်ဘရယ်ဒီမိုကရေစီနိုင်ငံများနှင့် ပူးပေါင်းရန်လည်း ထိုင်ဝမ်အစိုးရအား တိုက်တွန်း ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly