ရခိုင်-ဘင်္ဂလာဒေ့ရ်ှနယ်စပ်၊ မိုင်တိုင်(၄၀) အနီးရှိ စစ်ကောင်စီပိုင် တပ်စခန်းတစ်ခုကို AA သိမ်းပိုက်ခဲ့

ရခိုင်-ဘင်္ဂလာဒေ့ရ်ှနယ်စပ်၊ မိုင်တိုင်(၄၀) အနီးရှိ စစ်ကောင်စီပိုင် တပ်စခန်းတစ်ခုကို AA သိမ်းပိုက်ခဲ့

(မဇ္ဈိမ)။။ မြောက်ဦးကင်းဆိတ်ကျေးရွာ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး လက်တုံ့ပြန်သည့်အနေဖြင့် ရခိုင်-ဘင်္ဂလာဒေ့ရ်ှနယ်စပ် မိုင်တိုင်(၄၀) အနီးရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ရက္ခိုင့့်တပ်တော်AAက ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်လိုက်သည်။

သြဂုတ်လ ၂၈ရက်နေ့တွင် စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ၊ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) (၃၇၈)နှင့်ခမရ (၅၄၀) တို့အပြင် လက်တို့ တပ်စွဲထားသော တိမ်ညို ၊သင်းကျိုက်တောင် လင်းမြီတောင် စသည့်နေရာများမှ မြောက်ဦးမြို့နယ် အတွင်းရှိ ကင်းဆိပ်၊ ဘူးရွက်မညိုး၊ အောက်သကန်၊ ကူးတို၊ချောင်းနား၊လက္ကာ၊ဝေသာလီစသည့်ရွာများသို့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကင်းဆိတ်ကျေးရွာမှ အသက် ငါးနှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူ ကိုးဦးအထ်ိရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအတွက် လက်တုံပြန်သည်အနေဖြင့် မိုင်တိုင်အမှတ်(၄၀) တိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေးသေည့် ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲပြီး ရဲအုပ်စိုးစိုးပိုင် အပါအဝင် စုစုပေါင်း ၁၉ ယောက်သေဆုံးခဲ့ပြီး လက်နက်ခဲ့ယမ်း ၊စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“ယခုရက်များအတွင်း ရဟတ်ယာဉ် ၊ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေသည့်ကြားမှ AA အနေဖြင့် မိုင်တိုင် အမှတ် (၄၀) အနီးရှိ အထိုင်ချ အခိုင်အမာစခန်းအား လက်တုံးပြန်သည့်အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် (၉)နာရီ (၁၂)မီနစ်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။” ဟု ဆိုသည်။

စခန်းအတွင်းမှ သေဆုံးသူများအား စခန်းအတွင်း မြုပ်နှံထားသော စစ်ကောင်စီတပ်သာ အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိရပြီ ယင်းစခန်းမှာ ရက်ပေါင်းများစွာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသော နေရာများထဲမှ တစ်ခုဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မိုင်တိုင်(၄၀) စခန်းပတ်ဝန်းကျင်နှင့် သြဂုတ်လ ၂ ရက်နေ့ မှ စတင်ကာ ပလက်ဝဒေသနှင့် အခြာနေရာများတွင် ရက်ဆက်တိုက်ပွဲများဖြစ်ပွား လျက်ရှိနေသည့် မှာ တစ်လနီးပါးကြာမြင့်နေပြီးဖြစ်ကြောင်း သိရသည်။

“ နယ်စပ်မိုင်တိုင် အမှတ် (၃၇) မှ မိုင်တိုင် (၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်၌ ရန်သူ့့ဖက်မှ မိမိတို့အား ပိတ်ဆို့ဖြတ်တောက်ထား သည့်နည်းတူ မိမိတို့ဖက်မှလည်း ရန်သူ့စခန်းအချို့အား ၎င်းနည်းတူပိတ်ဆို့ဖြတ်တောက်ထားသည့် အခင်းအကျင်းဖြစ်သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် စစ်ကောင်စီဖက်မှ တစ်ရက်လျှင် လက်နက်ကြီးအရေးအတွက် ခန့်မှန်း ၃၀၀/၄၀၀ အကြိမ်ထိ ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄) (၃၈) နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင် (၃၈) နှင့် (၃၉) အကြားနေရာများ အပါအဝင် နေ့တိုင်း လက်နက်ကြီးများကို ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဆိုသည်။

“သြဂုတ်လ ၃၀ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မညှင်းတောင်ရွာအနောက်ဖက်မီတာ ၇၀၀ အကွာအဝေးရှိ ကားလမ်းမအနီး၌လည်း ထိတွေ့ တိုက်ခိုက်မူရှိခဲ့သည်။ ထို့အတူ ယနေ့ သြဂုတ်လ ၃၁ရက်နေ့ကလည်း ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာ အနောက်ဖက်မီတာ ၅၀၀ အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီတပ်သား ၁၀ ဦးမျက်မြင်ကျဆုံးခဲ့သည်” ဟု ဖော်ပြထားသည်။

AA ဖက်ကလည်း ဤစခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required