ယင်းမာပင်မြို့နယ်က ရွှေနွယ်သွေးသပိတ်စစ် ကြောင်း ၄၈၁ ရက်မြောက် ချီတက်ဆန္ဒပြ

ယင်းမာပင်မြို့နယ်က ရွှေနွယ်သွေးသပိတ်စစ် ကြောင်း ၄၈၁ ရက်မြောက် ချီတက်ဆန္ဒပြ

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် နယ်မြေတွင်းမတည်ငြိမ်မှုများကြားမှ " How many dead bodies UN need to take action? " စာသားပါ ဘန်နာကိုင်ဆွဲ၍ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

“တော်လှန်ရေးဒေသတွေမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်တွေကိုခံရစမြဲပါ၊ ကျနော်တို့ပြည်သူတွေက ဖိနှိပ်မှုဒဏ်ကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးအောင်မြင်ဖို့အထိ တိုက်ပွဲဝင်နေဖို့အရေးကြီးပါတယ်၊ ဒါကြောင့် စစ်ကောင်စီက ဖိနှိပ်မှုတွေ ဘယ်လောက်ပဲလုပ်လုပ် အဆုံးထိတိုက်ပွဲဝင်ပေးကြပါရန် ပြောကြားချင်ပါတယ်” ဟု သပိတ်ခေါင်းဆောင်က ပြောသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၈၁ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required