တရုတ်နှင့် တင်းမာမှုများမြင့်တက်နေချိန်ပြင်သစ်နှင့် ဂျာမနီက  အင်ဒို-ပစိဖိတ်ဒေသသို့ တိုက်လေယာဉ်များစေလွှတ်

တရုတ်နှင့် တင်းမာမှုများမြင့်တက်နေချိန်ပြင်သစ်နှင့် ဂျာမနီက  အင်ဒို-ပစိဖိတ်ဒေသသို့ တိုက်လေယာဉ်များစေလွှတ်

တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ပြင်သစ်နှင့် ဂျာမနီတို့သည် အင်ဒို-ပစိဖိတ်ဒေသသို့ တိုက်လေယာဉ်များ စေလွှတ်ခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသတွင် ဂျာမန်လေတပ်၏ ငြိမ်းချမ်းရေးကာလအတွင်း  အကြီးဆုံးတပ်ဖွဲ့ချထားမှုတစ်ခုအဖြစ် သြစတြေးလျနိုင်ငံ၌ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့ စစ်လေယာဉ် ၁၃ စီး စေလွှတ်ထားကြောင်း DW News က ဖော်ပြသည်။

 ပြင်သစ်ကလည်း ဥရောပမှနယူးကယ်လီဒိုးနီးယားသို့ လေယာဉ်များ စေလွှတ်ခဲ့သည်။

အဆိုပါလေယာဉ်များသည် အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့မှ တပ်ဖွဲ့များနှင့်အတူ "Pitch Black" စစ်ရေးလေ့ကျင့်မှုတွင်တွင် ပါဝင်မည်ဖြစ်ကြောင်း DW News က ဖော်ပြခဲ့သည်။

ဥရောပမှတိုက်လေယာဉ် ၆ စင်းသည် ဩဂုတ် ၂၉ ရက်က ဂျာမန်အရှေ့တောင်ပိုင်း ဘာဗေးရီးယားပြည်နယ်ရှိ နျူဘာအေဒါဒိုနောင်ရှိ အခြေစိုက်စခန်းမှ ထွက်ခွာသွားခဲ့သည်။A330 လေယာဉ်ဆီဖြည့်လေယာဉ် ၃ စင်းနှင့် A400M သယ်ယူပို့ဆောင်ရေးယာဉ် ၄ စင်းတို့သည်လည်း မိနစ် ၃၀ စော၍ ထွက်ခွါသွားခဲ့သည်။

လေယာဉ်မှူးများသည် ၃ ရက်တာအတွင်း ဝေဟင်၌လေယာဉ်ဆီဖြည့်ခြင်းလေ့ကျင့်မှု ၂၀၀ ကြိမ် ပြုလုပ်မည်ဟု ဂျာမန်လေတပ်ဗိုလ်ချုပ်ကြီး အင်ဂိုဂါဟာဇ်က ပြောသည်။

"ဂျာမနီနဲ့ အီးယူတို့ဟာ စည်းမျဉ်းအခြေခံတဲ့ နိုင်ငံတကာအမိန့်ကို အားကောင်းအောင် ကူညီဖို့အင်ဒို-ပစိဖိတ်ဒေသမှာ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လိုကြပါတယ်" ဟု ဂျာမနီနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်သော ဥရောပ၏ ပထမဆုံး အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးများဖိုရမ်မတိုင်မီ ပြောကြားခဲ့သည်။ 

ဂျာမနီနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး ဖိလစ်ဂရင်းကလည်း တရုတ်အနေဖြင့် စစ်ရေးလေ့ကျင့်မှုကို မတည်မငြိမ်ဖြစ်စေမှုအဖြစ် ရှုမြင်စရာအကြောင်းမရှိကြောင်း ပြောသည်။

"နိုင်ငံတိုင်းက ကိုယ်ပိုင်အချုပ်အခြာအာဏာရွေးချယ်မှု လုပ်နိုင်တဲ့ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ ဗျူဟာမြောက်မျှခြေရှိတဲ့ ဒေသတစ်ခုကို ကျွန်တော်တို့ ရှာဖွေနေပါတယ်" ဟု ဂရင်းက ပြောကြားခဲ့သည်။

တရုတ်က ပိုင်နက်အဖြစ် မှတ်ယူထားသော ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ခရီးစဉ်အပြီးတွင် တရုတ်နှင့်အနောက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly