ဖားကန့်မြို့တွင် KIA ၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးသပိတ် ပြုလုပ်

ဖားကန့်မြို့တွင် KIA ၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးသပိတ် ပြုလုပ်

ဩဂုတ် ၃၁

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ဩဂုတ်လ ၃၁ရက်နေ့က KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေးသပိတ် ပြုလုပ်ကြသည်။

ဆန္ဒပြ ပြည်သူများက “KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA ၊ PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွှတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည်“ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly