မိုးကုတ်မြို့တွင် စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကို PDF အနီးကပ်၀င်တိုက်၊ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ဟုဆို

မိုးကုတ်မြို့တွင် စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကို PDF အနီးကပ်၀င်တိုက်၊ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ဟုဆို

မန္တလေး(မဇ္စျိမ)။ ။မိုးကုတ်မြို့တွင် ယနေ့နံနက်ပိုင်းက၊ မိုးကုတ်အခြေပြုဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“တိုက်ပွဲက ရေဝေရွာဘက်မှာဖြစ်တာ၊ PDF တွေနဲ့ စစ်သားတွေအနီးကပ်ထိပ်တိုက်ချကြတာပါ၊ စစ်သား(စစ်ကောင်စီ)တွေ သေကြေဒဏ်ရာရမနည်းလောက်ဘူး၊ အရှေ့ပိုင်းဆေးရုံဘက် သယ်လာတွေ တွေ့ရတယ်၊ သပိတ်ကျင်းဘက် သယ်ထုတ်သွားတာတွေလည်း ရှိတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေဝေကျေးရွာအနီးတွင် ယနေ့သြဂုတ် ၂၉ ရက်နံနက် ၈ နာရီခန့်ကဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး၊ ဂွေးပင်ရွာဘက် စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီတပ်အား အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တိုက်ပွဲပါ၀င်ဆင်နွှဲခဲ့သည့် ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များဘက်က သတင်းထုတ်ပြန်သည်။

“ကားလမ်းနဲ့ ပေ ၆၀၀န်းကျင်အကွာမှ အသင့်နေရာယူခဲ့ပြီး၊ စစ်ကြောင်းထိုးပြန်လာခဲ့တဲ့ စကစကားတစ်စီးပေါ် လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းနိုင်ခဲ့ပြီး၊ မိုင်းငါးလုံးဖောက်ခွဲနိုင်ခဲ့ပြီး၊ အသင့်ပါသောလက်နက်များဖြင့်လည်း ပစ် ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ခွေး(စစ်ကောင်စီတပ်သား) ၁၅ ကောင်နှင့်အထက် ထိခိုက်သေဆုံးနိုင်ပြီး၊ မိမိတို့ ဘက်မှ ရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁၂၂၂)က သတင်းထုတ်ပြန်သည်။

နာရီ၀က်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆၀ မမ လက်နက်ကြီးဖြင့် အချက်နှစ်ဆယ်ကျော်၊ စက်လတ်များဖြင့် အချက်ပေါင်းများစွာရမ်းသန်းပစ်ခတ်ခဲ့ကြောင်း တိုက်ပွဲပါ၀င်ဆင်နွှဲခဲ့သည့် တပ်ရင်းတပ်ဖွဲ့များကဆိုသည်။

တိုက်ပွဲတွင် မိုးကုတ်အခြေပြုဒေသကာကွယ်ရေးတပ်များဖြစ်သည့် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁၂၂၁)၊ (၁၂၂၂)နှင့် (၁၂၂၃) တို့နှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)၊ Red Wolves of Mogok နှင့် PDF မိုးကုတ်ဗျူဟာတပ်ဖွဲ့များ ပါ၀င်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required