ပါကစ္စတန်နှင့် အာဖဂန်တာလီဘန်တို့အကြား နယ်ခြားမျဉ်းတစ်လျှောက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေ

ပါကစ္စတန်နှင့် အာဖဂန်တာလီဘန်တို့အကြား နယ်ခြားမျဉ်းတစ်လျှောက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေ

ပါကစ္စတန်နှင့်  မဟာမိတ်ဖြစ်သော အာဖဂန်တာလီဘန်တို့သည် ယခုအခါ နှစ်ဖက်အကြား ရန်လိုသည်အထိ သဘောကွဲလွဲမှုများ ရှိနေသည်။ 

ပါကစ္စတန်သည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုကျော်ကြာအတွင်း အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်နစ္စတန်အစိုးရတစ်ရပ်ကို တိုက်ခိုက်နေခဲ့သော တာလီဘန်တို့ကို ကူညီပံ့ပိုးပေးခဲ့သည်။ ထိုသို့ ကူညီပေးခဲ့သည့်အတွက် တာလီဘန်တို့က ပါကစ္စတန်အစိုးရ၏ ဆန္ဒများကို ပြန်လည်ဖြည့်ဆည်းပေးလိမ့်မည်ဟု တွေးထင်ခြင်းဖြင့် ပါကစ္စတန်သည် မဟာဗျူဟာ အမှားကြီးတစ်ခုကို ကျူးလွန်ထားခဲ့သည်။
 
မဟာမိတ်နှစ်နိုင်ငံသည် ယခုအခါ အပြန်အလှန်ရန်စောင်နေကြပြီး နှစ်နိုင်ငံ နယ်ခြားမျဉ်း ဖြစ်သော ဒူရန်းမျဉ်းတစ်လျှောက် သွေးထွက်သံယို ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်များ၏ ခြိမ်းခြောက်မှု အန္တရာယ်မှာလည်း ဆွေးနွေးဆဲ အဆင့်သာ ရှိနေကြောင်း ပြည်ပရောက် အာဖဂန်နိုင်ငံသားများ ကွန်ရက်က ထုတ်ဖော်သည်။

ပြီးခဲ့သည့်နှစ်အတွင်း   ကိစ္စတချို့က ရှေ့တန်းနေရာတွင် ရောက်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အထင်ရှားဆုံး ကိစ္စက တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) ဟု ခေါ်သည့် အကြမ်းဖက်အဖွဲ့တစ်ခုနှင့် ပါကစ္စတန်အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများပင် ဖြစ်သည်။ TTP အဖွဲ့သည် အာဖဂန် တာလီဘန်တို့၏ ရှင်းရှင်းလင်းလင်း ထောက်ခံအားပေးမှုကို ရရှိနေသလို တစ်ဖက်တွင်လည်း အာဖဂန်တာလီဘန်တို့သည် ပါကစ္စတန်၏ အနီးကပ် မဟာမိတ်ဖြစ်နေပြန်သည်။

TTP အပေါ် ကိုင်တွယ်အရေးယူရေးက တာလီဘန်တို့ကို စီမံအုပ်ချုပ်မှုဆိုင်ရာ မထင်မှတ်ဘဲ ကျရောက်နိုင်သော အန္တရာယ်များနှင့်ပတ်သက်ပြီး ကူညီညှိနှိုင်းဆွေးနွေးပေးရန် ပါကစ္စတန်စစ်တပ်က သတ်မှတ်ထားသော ပထမဆုံး သတ်မှတ်ချက်အနည်းငယ်အနက်မှ တစ်ခု ဖြစ်သည်။ သို့သော် အာဖဂန် တာလီဘန်တို့သည် ၎င်းတို့၏ ကတိကို တည်ရန် သဘောဆန္ဒမျိုး ပြသထားခြင်း မရှိဟု ပြည်ပရောက် အာဖဂန်နိုင်ငံသားများ ကွန်ရက်က ပြောသည်။

TTP ခေါင်းဆောင်များဘက်က ခေါင်းမာသော သဘောထားအပြုအမူများ ဆက်လက် ပြသနေသော်လည်း ထိုအဖွဲ့နှင့် ဆွေးနွေးမှုကို ဆက်လုပ်ရန် ဖိအားပေးတိုက်တွန်းခဲ့သည့် ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျာဗက်ဒ် ဘာဂျ်ဝါအနေဖြင့်လည်း ၎င်း၏ အမှားကို သဘောပေါက်နားလည်ခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly