တရုတ်စစ်ရေးလေ့ကျင့်မှုများက နိုင်ငံတကာအသိုင်းအဝိုင်းကြား ပိုမိုညီညွတ်လာစေကြောင်း ထိုင်ဝမ်ပြော

By VOA
27 August 2022
တရုတ်စစ်ရေးလေ့ကျင့်မှုများက နိုင်ငံတကာအသိုင်းအဝိုင်းကြား ပိုမိုညီညွတ်လာစေကြောင်း ထိုင်ဝမ်ပြော

ထိုင်ဝမ်တစ်ဝိုက်၌ တရုတ်၏ ကြီးမားသော စစ်ရေးလေ့ကျင့်မှုများသည် မဟာမိတ်များအား ထိုင်ဝမ်သို့လာပြီး စည်းလုံးညီညွတ်မှုကို ပြသရန် ဖြစ်လာစေသည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ဩဂုတ် ၂၆ ရက်တွင် ပြောသည်။ 

ပလိုစီခရီးစဉ်အပြီးတွင် အမေရိကန်နိုင်ငံရေးသမားများ ၃ ဖွဲ့လာရောက်ခဲ့ပြီး နောက်ဆုံးလာရောက်သူမှာ  တန်နက်စီပြည်နယ် အထက်လွှတ်တော်အမတ် မာရှာဘလက်ဘန်းဖြစ်ကာ ဩဂုတ် ၂၆ ရက်က ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့သည်။

“ထိုင်ဝမ်အပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှုကြောင့်နဲ့တော့ ကျွန်တော်တို့ဟာ မိတ်ဆွေဖွဲ့မှုတွေ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” 

“ထိုင်ဝမ်ကိုဆန့်ကျင်တဲ့အနေနဲ့ တရုတ်ပြသခဲ့တဲ့ စစ်ရေးဖိအားတွေကြောင့် ထိုင်ဝမ်ကို လာပြီး ထောက်ခံကြောင်း ပြသချင်တဲ့ သူတွေ ပိုများလာပါပြီ” ဟု ဝူက ပြောသည်။

“နိုင်ငံတကာမိတ်ဆွေတွေက ထိုင်ဝမ်ကိုလာဖို့ အရမ်းစိတ်ဝင်စားတဲ့အကြောင်း ပြောကြပါတယ်။ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါ။ တစ်သားတည်းဖြစ်ကြောင်း ပြသဖို့ပါပဲ" ဟု ဝူက ဆိုသည်။

ပလိုစီ၏ခရီးစဉ်အပြီး မကြာမီတွင် အထက်လွှတ်တော်အမတ် အက်ဒ်မာကီဦးဆောင်သော ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့လာရောက်ချိန်၌ တရုတ်သည် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ဆဲဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း  အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး ရီပတ်ဘလစ်ကန်အမတ် အဲရစ်ဟော်ကုမ်းသည် အမေရိကန်နှင့် ထိုင်ဝမ်အကြား ကုန်သွယ်ရေးဆွေးနွေးပွဲစတင်မည့်ကြောင်း ကြေညာချက်မတိုင်မီ ရောက်ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required