တရုတ်နိုင်ငံ၌ စံချိန်တင် အပူလှိုင်းများ ဆက်လက်ကျရောက်နေသဖြင့် မိုးခေါင်ရေရှားမှုဒဏ် ကြုံနေရ

တရုတ်နိုင်ငံ၌ စံချိန်တင် အပူလှိုင်းများ ဆက်လက်ကျရောက်နေသဖြင့် မိုးခေါင်ရေရှားမှုဒဏ် ကြုံနေရ

တရုတ်နိုင်ငံ၏ စံချိန်တင်အပူပြင်းဆုံး နွေရာသီတွင် ပြင်းထန်လှသော အပူလှိုင်းများ ကျရောက်နေကာ နိုင်ငံတစ်ဝက်ခန့်မှာ မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည်။

အပူလှိုင်း၊ ရေကြီးရေလျှံမှုနှင့် ခြောက်သွေ့မှုများ တရုတ်တွင် ဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ထိုဖြစ်ရပ်များ မကြာခဏကြုံတွေ့ကာ ပိုမိုဆိုးရွား လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

တရုတ်နိုင်ငံတောင်ပိုင်း လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က စံချိန်တင်အပူချိန်ခံစားရပြီးနောက်ပိုင်း ယခုအခါ အရှည်ကြာဆုံးသော စံချိန်တင်အပူချိန်မြင့်မားမှုကို ကြုံတွေ့နေရသည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောသည်။

အဆိုးရွားဆုံးသော ဒေသမှာ ကမ်းရိုးတန်းရှန်ဟိုင်းဒေသမှ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ထိ ကျယ်ပြန့်သော ယန်ဇီမြစ်ဝှမ်းဖြစ်သည်။

နိုင်ငံအတွက် ရေအားလျှပ်စစ်အများဆုံးထုတ်လုပ်သည့် စီချွမ်ပြည်နယ်သည် ယန်ဇီမြစ်ဝှမ်းတစ်လျှောက် ကာလရှည်ကြာခြောက်သွေ့မှုကြောင့် လျှပ်စစ်ဓာတ်အားပေးနိုင်မှု လျော့ကျခဲ့ပြီး နိုင်ငံအနေဖြင့် နောက်ထပ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံမည်ကို စိုးရိမ်နေရသည်။

စီချွမ်နှင့်ချုံချင်းပြည်နယ်များတွင် နေ့စဉ်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အပူချိန်သက်သာသော နေရာကို ရှာဖွေနေသူများသည် ယာဉ်ရပ်နားရာနေရာများနှင့် မြေအောက်မီးရထားဘူတာရုံများတွင် အိပ်စက်နေကြရသည်။

ယန်ဇီမြစ်နှင့် ၎င်း၏မြစ်လက်တက် ကျာလင်းတစ်လျှောက်တွင် ပြည်သူများသည် ပေါ်လာသော မြစ်ကြမ်းပြင်များကို စူးစမ်းနေကာ ရေတိမ်များတွင် ကူးခတ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required