တရုတ် လေကြောင်းထိန်းသိမ်းရေးအဖွဲ့ကဒရုန်းလုပ်ငန်းအတွက် ရည်မှန်းချက်များချမှတ်

တရုတ် လေကြောင်းထိန်းသိမ်းရေးအဖွဲ့ကဒရုန်းလုပ်ငန်းအတွက် ရည်မှန်းချက်များချမှတ်

တရုတ်အရပ်ဘက် လေကြောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အရပ်ဘက်မောင်းသူမဲ့ လေယာဉ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံတစ်ရပ်ကို သြဂုတ်လ၂၂ရက်တွင် အဆိုပြုခဲ့ပြီး မြို့တွင်းထောက်ပံ့ပို့ဆောင်ရေးတွင်ယင်းတို့၏ ပိုမိုအသုံးပြုလိုကြောင်းနှင့် နောက်ဆုံးတွင်ခရီးဝေး ကုန်စည်ပို့ဆာင်မှုများအတွက်ပါရည်ရွယ်ထားကြောင်းအဆိုပြုလိုက်သည်။

တရုတ်မြို့ပြလေကြောင်းစီမံခန့်ခွဲရေးအဖွဲ့မှအဆိုပြုထားသောအစီအစဉ်တွင်၂၀၂၅၊၂၀၃၀နှင့်၂၀၃၅ခုနှစ်နောက်ဆုံးထားပြီး စည်းမျဉ်းစည်းကမ်းများ ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်နှင့် အရပ်ဘက်သုံးUAV များအတွက် ဝေဟင်ပိုင်နက်စွမ်းရည်ကိုတိုးချဲ့ခြင်းအပါအဝင်စည်းကမ်းထိန်းသိမ်းရေးမှအလိုရှိနေသည့်အမျိုးမျိုး သော လျာထားချက်များကိုအသေးစိတ်ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီအများအပြားသည်ပါဆယ်ထုပ်များပေးပို့ရန်အတွက်ဒရုန်းများသို့မဟုတ်ဘီးတပ်သေတ္တာ ကဲ့သို့စက်ရုပ်များကိုအသုံးပြုရန်နှစ်ပေါင်းများစွာစူးစမ်းလေ့လာခဲ့ကြသော်လည်းစည်းမျဉ်းစည်းကမ်းအခက် အခဲများနှင့်လူသားစာပို့သူများအပေါ်အလွန်အမင်းမှီခိုနေရသဖြင့်ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဆောင်နိုင် သေးပေ။

ရည်မှန်းချက်မှာ'မောင်းသူမဲ့လေကြောင်းနယ်ပယ်တွင်တရုတ်၏နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် နိုင်ငံတကာအရပ်ဘက်လေကြောင်းဆိုင်ရာစည်းမျဉ်းများနှင့်စံချိန်စံညွှန်းများကိုထုတ်ဖော်ပြောဆိုခွင့်နှင့် ကမ္ဘာ့အရပ်ဘက်လေကြောင်းဆိုင်ရာအင်အားကြီးနိုင်ငံဖြစ်လာရန်ဖြစ်သည်' ဟုယင်းကဆိုသည်။

CAAC ၏အစီအစဉ်ကို စက်တင်ဘာ၅ရက်အထိအများပြည်သူထံမှမှတ်ချက် တောင်းခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required