ပါကစ္စတန်က တရုတ်ကုမ္ပဏီထံမှ CPEC စီမံကိန်း၅ခုအတွက် ကုန်ကျစရိတ်၏ ၂၀ရာခိုင်နှုန်း ရရှိရန် ဆွေးနွေးနေ

ပါကစ္စတန်က တရုတ်ကုမ္ပဏီထံမှ CPEC စီမံကိန်း၅ခုအတွက် ကုန်ကျစရိတ်၏ ၂၀ရာခိုင်နှုန်း ရရှိရန် ဆွေးနွေးနေ

ဝန်ထမ်းများလစာပေးခြင်းအပါအဝင် ပါကစ္စတန်အတွက် ကုန်ကျမည့်စရိတ်များကို ကာမိစေရန် တရုတ်- ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) စီမံကိန်း၅ခု၏ စုစုပေါင်းကုန်ကျစရိတ်၏၂၀ရာခိုင်နှုန်းကိုလက်ခံရရှိမည့် အဆိုပြုချက်ကို ပါကစ္စတန်က ဆွေးနွေးနေသည်။

ပါကစ္စတန် ပြည်တွင်းမီဒီယာThe Express Tribune ၏အဆိုအရထောက်ပံ့ပေးမည့်တရုတ်ကုမ္ပဏီသည် စုစုပေါင်းကုန်ကျစရိတ်၏၂၀ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာဖြင့် ယူဆောင်လာမည်ဖြစ်ပြီး ငွေများကို အထူးအကောင့်တစ်ခုတွင် ထားရှိမည်ဖြစ်သည်။

တရုတ်ကုမ္ပဏီသည်ပါကစ္စတန်တွင် ကုန်ကျမည့်စရိတ်များအတွက် ပါကစ္စတန်ရူပီးငွေဖြင့် ထုတ်ယူနိုင်ပြီး အဆိုပါ ငွေများတွင် ဝန်ထမ်းများအတွက် လစာများပေးခြင်းလည်း ပါဝင်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ဇ်ရှရစ်ဖ်က အခြားဝန်ကြီးများနှင့် ဆွေးနွေးမှုတွင် အဆိုပြုချက်ကို ကောင်းစွာ ချိန်ညှိရန် ညွှန်ကြားချက်များပေးခဲ့ကြောင်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့သည်။

ယင်းအဆိုပြုချက်၏ အကူအညီဖြင့်ဆိုးရွားသော စီးပွားရေးအကျပ်အတည်းကို ခံစားနေရသော ပါကစ္စတန်သည် နိုင်ငံခြားအရန်ငွေများ ကျဆင်းလာခြင်းအတွက် အသက်ရှုပေါက်တစ်ခု ရရှိမည်ဖြစ်သည်။

ကုန်ကျစရိတ်၂၀ရာခိုင်နှုန်းကိုပါကစ္စတန် ဗဟိုဘဏ်တွင် အပ်နှံမည်ဖြစ်သည်။ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အဆိုပါ CPEC စီမံကိန်း၅ခုသည် စုစုပေါင်းခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ၇ဘီလီယံခန့်ရှိသည်။

 ထို့ကြောင့်ပါကစ္စတန်ကစဉ်းစားနေသည့်အစီအစဉ်အရစုစုပေါင်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ၇ဘီလီယံ အနက်မှ ဗဟိုဘဏ်တွင်အနည်းဆုံး အမေရိကန်ဒေါ်လာ၁ဒသမ၄ဘီလီယံကို ပါကစ္စတန်က ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်း၅ခုသည်နှစ်ပေါင်းများစွာကြန့်ကြာမှုများနှင့်ရင်ဆိုင်နေရပြီးယင်းအဆိုပြုချက်ကို မိတ်ဆက်ခြင်းဖြင့် အဆိုပါစီမံကိန်းများကို အမြန်အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်ကြောင်း သတင်းများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required