ပါကစ္စတန် ကရာချိမြို့တွင် ဖွံ့ဖြိုးရေးစီမံကိန်းများ အားတက်သရော ဖော်ဆောင်ခြင်းက ဂေဟစနစ်ကို ထိခိုက်စေ

ပါကစ္စတန် ကရာချိမြို့တွင် ဖွံ့ဖြိုးရေးစီမံကိန်းများ အားတက်သရော ဖော်ဆောင်ခြင်းက ဂေဟစနစ်ကို ထိခိုက်စေ

ပါကစ္စတန်အာဏာပိုင်တို့သည် ကရာချိမြို့၌ တန်ဖိုးအကြီးဆုံးသော အိမ်ရာအချို့ကို တည်ဆောက်ရန် ကြိုးပမ်းခဲ့မှုကြောင့် ယခုအခါ အဆိုပါ ဧရာမ မြို့ကြီးအတွက် များစွာ ဆုံးရှုံးနစ်နာစေခဲ့ကြောင်း ဥတုရာသီ သတင်းအချက်အလက်အပေါ် အခြေခံတင်ပြသည့်  The Third Pole က ထုတ်ပြန်ဖော်ပြသည်။

မြေ၊ အိမ်ရာ ဖော်ဆောင်မှုက ကရာချိမြို့၏ ဂေဟစနစ်များနှင့် အသက်မွေးဝမ်းကျောင်းများကို ပြိုပျက်စေခဲ့ပြီး ဘေးဒုက္ခဆိုး ကြုံရနိုင်သည့် အန္တရာယ်ကိုလည်း မြင့်တက်စေခဲ့သည်။ ထိခိုက်မှုအရှိဆုံး နေရာများအနက် တစ်ခုသည် ဂစ်ဇ်ရီ ချောင်းဟုအမည်ပေးထားသည့် ဒီရေမြစ်ဝနေရာတစ်ခု ဖြစ်သည်။ အဆိုပါနေရာသည် အစောပိုင်းက လမုတောများရှိသည့် စိမ့်မြေအရပ် ဂေဟစနစ်တစ်ခု၏ တစ်စိတ်တစ်ဒေသဖြစ်ခဲ့သည်။

ပြီးခဲ့သည့် နှစ် ၂၀ ကာလအတွင်း ဒေတာအချက်အလက်များအရ ဂစ်ဇ်ရီ ချောင်းတွင် လမုပင် ပေါက်သည့်အကျယ်အဝန်း ၁၅ ရာခိုင်နှုန်း ကျဆင်းသွားသည်ဆိုသည်ကို ပြသနေပြီး ဟက်တာ ၂၆၀ ခန့်မှ ဟက်တာ ၂၂၀ ခန့်ကို ကျဆင်းထားခဲ့သည်။ 

ကရာချိမြို့သည် ပြီးခဲ့သည့် ၁၀ စုနှစ် ၄စုအတွင်း အလျင်အမြန် မြို့ပြပုံစံသွင်းခံခဲ့ရကြောင်း ကျွမ်းကျင်သူများက ပြောသည်။ အဆိုပါ မြို့ပြပုံစံသွင်းမှုကြောင့် မြို့၏ ပင်လယ်ကမ်းခြေ၏ ကြီးမားသော ဧရိယာတစ်ခုတွင် ဖွံ့ဖြိုးရေးစီမံကိန်းများ ဖော်ဆောင်မှုများ ရှိခဲ့သည်။

နိုင်ငံတွင် ဧရာမမြို့ကြီး အဖြစ် ဂုဏ်ယူလျက်ရှိသည့် ကရာချိမြို့သည် ငါးဖမ်းကျေးရွာများကို ဖြတ်သန်းစီးဆင်းသည့် ဟင်းလင်းပွင့် ရေမြောင်းပြွန်များမှတစ်ဆင့် မိလ္လာအညစ်အကြေးအချို့ကို ပြုပြင်သန့်စင်ခြင်းမရှိဘဲ သမုဒ္ဒရာထဲသို့ ထုတ်လွှတ်သည်။

“၁၉၈၀ ပြည့်နှစ်လောက်က အဆင့်မြင့်ဇိမ်ခံအိမ်ရာတွေ၊ ဂေါက်ကွင်းတွေနဲ့ ဖျော်ဖြေရေး နေရာတွေ တည်ဆောက်နိုင်ဖို့ ပင်လယ်ဘက်ကနေ မြေယာဖော်ယူရင်း ကရာချိမြို့ရဲ့ ပင်လယ်ကမ်းရိုးတန်းနေရာတွေမှာ ကျောက်တုံးကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ၊ သဲတွေနဲ့ ပြည့်နေခဲ့တာကို သူတို့ သတိပြုမိခဲ့တယ်လို့ ငါးဖမ်းသမားတွေက The Third Pole ကို ပြောပါတယ်” ဟု ကရာချိ အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်သော အူးနစ် အာဇမ်က ၎င်း၏ သတင်းတစ်ပုဒ်တွင် ရေးသားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly