ကမ္ဘောဒီးယားရှိ တရုတ်ပိုင် ကာစီနိုများနှင့် ဆက်စပ်နေသော လူကုန်ကူးမှုနှင့် အလုပ်အကိုင်လိမ်လည်မှုများ

ကမ္ဘောဒီးယားရှိ တရုတ်ပိုင် ကာစီနိုများနှင့် ဆက်စပ်နေသော လူကုန်ကူးမှုနှင့် အလုပ်အကိုင်လိမ်လည်မှုများ

ထိုင်ဝမ်အစိုးရသည် ကမ္ဘောဒီးယားရှိ လူကုန်ကူးမှုနှင့် အလုပ်အကိုင်လိမ်လည်မှုများတွင် လှည့်ဖြားခံ နေရ သည့် ရာနှင့်ချီသော ထိုင်ဝမ်သားများကို ကူညီရန် ကြိုးပမ်းလျက်ရှိပြီး လူကုန်ကူးခံရသူများသည် လူကုံထံ တရုတ်သူဌေးများအတွက် အပန်းဖြေရာနေရာဟောင်းဖြစ်သော ယခုအခါ ရာဇဝတ်မှု ဆိုင်ရာလှုပ်ရှားမှုများ အတွက် ဒုစရိုက်နယ်မြေဖြစ်လာသည့် ဆီဟန်နိုဗယ်လီမြို့ရှိ တရုတ်ပိုင်ကာစီနိုများသို့ ခေါ်ဆောင်ခံခဲ့ရသည်။

တရုတ်က ၎င်းအလုပ်သမားများသည် ၎င်း၏နိုင်ငံသားများဖြစ်ကြောင်း ပြောဆိုရန် ကြိုးစားလာပြီးနောက် ထိုင်ဝမ်အစိုးရက ကမ္ဘောဒီးယားတွင် လူကုန်ကူးသမားများ၏ ဓားစာခံဖြစ်နေသော ရာနှင့်ချီသည့် ထိုင်ဝမ်သား များကို နေရပ်သို့ ပြန်ခေါ်ဆောင်ရန် ကြိုးစားလျက်ရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ပြောသည်။

လစာကောင်းသော နည်းပညာအလုပ်များရမည်ဟူသော ကတိကဝတ်များဖြင့် လှည့်ဖြားခံရပြီးနောက် နိုင်ငံတွင်းပိတ်မိနေသော ထိုင်ဝမ်နိုင်ငံသား ၃၇၀ ဦးခန့်ကို တွေ့ရှိထားကြောင်း တာဝန်ရှိသူများက ပြောသည်။ သို့သော် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို အသိအမှတ်မပြုသော တရုတ်၏ရင်းနှီးသောမဟာမိတ် ကမ္ဘောဒီးယားနှင့် တရားတင်သံတမန်ဆက်ဆံရေးမရှိသဖြင့် ထိုင်ဝမ်သားများအာ နေရပ်ပြန်ခေါ်ရေးမှာ အဟန့်အတားဖြစ်လျက်ရှိသည်။

ကမ္ဘောဒီးယားရှိ တရားသံရုံးက အနိုင်ကျင့်ခံနေရသောအခြေအနေမှ လွတ်မြောက်ရန် ကြိုးစားနေသော ထိုင်ဝမ်သားများကို အကူအညီပေးရန် ကမ်းလှမ်းခဲ့ပြီးနောက် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။ 

အရှေ့တောင်အာရှရှိ  အွန်လိုင်းလိမ်လည်မှုများသည် ကျူးလွန်သူများအား တစ်နှစ်လျှင် ဒေါ်လာဘီလီယံနှင့်ချီ၍ ရရှိစေကြောင်းနှင့်ဓားစာခံအများစုမှာ အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နှင့် ထိုင်ဝမ်တို့ဖြစ်ကြောင်း လိမ်လည် မှုများ နှင့် လူကုန်ကူးမှု အစီအစဉ်များကို ခြေရာခံကာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်သည့် ကမ္ဘာလုံး ဆိုင်ရာလိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့ (GASO) က ခန့်မှန်းသည်။

အလုပ်ရှာသူများအနေဖြင့် ပြည်ပနိုင်ငံသားများအား လစာကောင်းကောင်းပေးမည်ဟူသော ကြော်ငြာပါ စကားလုံးများကို သတိထားကြရန် GASOကတိုက်တွန်းထားပြီး အလုပ်ကြော်ငြာအများအပြားတွင် တရုတ်စကား ပြောဆိုရေးသားနိုင်သူများအတွက် လစာကောင်းပြီး သက်သောင့်သက်သာရှိသောအလုပ်များ ရှိကြောင်းလည်း ဖော်ပြထားသည်။

ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံသားများကို ကယ်ဆယ်ခဲ့သော သို့မဟုတ် ၎င်းတို့ လွတ်မြောက်လာသော ကာစီနိုများသည် ဆီဟာနိုဗယ်လီမြို့တွင် ရှိကြပြီး ထိုမြို့၌ တရုတ်ဖောက်သည်အများအပြားရှိသဖြင့် မန်ဒရင်းဘာသာကို နားလည်သူများလိုအပ်သည်။ 

ထိုမြို့ရှိ တရုတ်စီးပွားရေးသမားများသည် ဒေသန္တရအစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး ဒေသတွင်းတွင် ဩဇာအာဏာကြီးမားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အချို့နေရာများတွင် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required