ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီက အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြားခံညှိနှိုင်းရေးကုမ္ပဏီ ငှားရမ်းခဲ့ဟု ဆို

By The News 18
23 August 2022
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီက အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြားခံညှိနှိုင်းရေးကုမ္ပဏီ ငှားရမ်းခဲ့ဟု ဆို

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ပါတီဖြစ်သော ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီသည် အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ဝါရှင်တန်ဒီစီရှိ ကြားခံညှိနှိုင်းရေးကုမ္ပဏီတစ်ခုကို ငှားရမ်း ခဲ့ကြောင်း သိရသည်။ PTI ပါတီသည် အမေရိကန်အစိုးရအပြင် အမေရိကန်ရောက် ပါကစ္စတန်နိုင်ငံသား များနှင့် ဆက်ဆံရေးကောင်းမွန်စေရေး ရည်မှန်းချက်များအတွက် အထောက်အပံ့ဖြစ်စေရန် ကြားခံညှိနှိုင်းရေး ကုမ္ပဏီကို တစ်လလျှင် ဒေါ်လာ ၂၅၀၀၀ နှုန်းပေးပြီး ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

လူမှုမီဒီယာပေါ် ပြန့်နှံ့ခဲ့သည့် စာရွက်စာတမ်းများအရ PTI သည် Fenton/Arlock LLC နှင့် ပတ်သက်ခဲ့သည်ကို ပြသနေပြီး ထိုကုမ္ပဏီကို အမေရိကန်ရှိ ပါကစ္စတန်သံရုံးက ၂၀၂၂ ခုနှစ် မတ်လတွင် တစ်လလျှင် ဒေါ်လာ ၃၀၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရွက်စာတမ်းများကို တောင်အာရှ စင်တာမှ ပါကစ္စတန် အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး အူဇိုင်ရာ ယောင်နက်စ်က ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စာရွက်စာတမ်းများကို အမေရိကန် ဝက်ဘ်ဆိုက်တစ်ခုတွင် လူသူမရွေး ကြည့်၍ ရနိုင်သည့် လင့်တစ်ခုကိုလည်း ယောင်နက်စ်က ဝေမျှခဲ့သည်။

သဘောတူညီချက်တွင် PTI USA (PTI ပါတီ၏ အမေရိကန်ဆိုင်ရာအဖွဲ့ခွဲ) ဟုသာ ပါဝင်ပြီး PTI Pakistan (ပါကစ္စတန်ရှိ PTI ပါတီ) ဆိုပြီး မပါသည့်အတွက် ပါတီထောက်ခံသူများ၏ ထိပ်တိုက်တွေ့ မေးမြန်းမှုကို ခံရစဉ် အီမရန် ခန်းက စာရွက်စာတမ်းအား အီလက်ထရောနစ်မိတ္တူကို ပြသခဲ့ပြီး ကြားခံညှိနှိုင်းရေး ကုမ္ပဏီအနေဖြင့် အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် ပါကစ္စတန်နိုင်ငံသားများနှင့် ဆက်ဆံရေး ကောင်းစေရေး ပါကစ္စတန် PTI ပါတီ၏ ရည်မှန်းချက်ကို ထောက်ကူပံ့ပိုးပေးလိမ့်မည် ဆိုသည့် ၎င်း၏ ပြောဆိုချက်ကို အတည်ပြုခဲ့သည်။

မကြာသေးသော နှစ်များအတွင်း ပါကစ္စတန်သည် အိန္ဒိယကို ဝေဖန်ခြင်းအပါအဝင် အကူအညီနှင့် ထောက်ပံ့ငွေများ ရရှိနိုင်ရေး ကြိုးပမ်းမှုအထိ အမျိုးမျိုးသော ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အမေရိကန်နိုင်ငံရေး သမားများကို စည်းရုံးနိုင်ရန် အမေရိကန်ရှိ ကြားခံညှိနှိုင်းရေးကုမ္ပဏီ တစ်ဒါဇင်ခန့်နှင့် ထိတွေ့ဆက်ဆံ ပတ်သက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required