ဖားကန့်မြို့တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး သပိတ် ပြုလုပ်

ဖားကန့်မြို့တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး သပိတ် ပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ဩဂုတ် ၂၄ ရက် နေ့၌ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးသပိတ် ပြုလုပ်ကြသည်။

ဆန္ဒပြ ပြည်သူများက” KIA၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA ၊ PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွှတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည် “ စသည့် ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ကြသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#ချီတက်သပိတ်မှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly