တရုတ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး အပူလှိုင်းကြောင့် စက်ရုံများကို ပိတ်ထားခဲ့ရ

တရုတ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး အပူလှိုင်းကြောင့် စက်ရုံများကို ပိတ်ထားခဲ့ရ

တရုတ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး အပူလှိုင်းကြောင့် ဒါဇင်နှင့် ချီသော မြို့များတွင် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ကျော်လွန်သဖြင့် စက်ရုံများ ပိတ်လိုက်ရသည်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ပြင်းထန်သော အပူလှိုင်းကျရောက်မှုကြောင့် ဒေသတွင်း ဓာတ်အားပြတ် တောက်မှု လျော့ပါးစေရန် စက်ရုံများအားလုံးကို ၆ ရက်ကြာ ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။

စီချွမ်ပြည်နယ်သည် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဆိုလာပြားစက်မှုလုပ်ငန်းများအတွက် အဓိက ထုတ်လုပ်သည့် နေရာဖြစ်ပြီး Apple (AAPL) ပေးသွင်းသူ Foxconnနှင့် Intel (INTC) အပါအဝင် ကမ္ဘာ့အကြီးဆုံး အီလက် ထရွန်နစ်ကုမ္ပဏီအချို့ပိုင် စက်ရုံများသည် လျှပ်စစ်ဓာတ်အားခွဲတမ်းကြောင့် ထိခိုက်နစ်နာခဲ့ရကြောင်း CNN က ဖော်ပြခဲ့သည်။

အဆိုပါပြည်နယ်သည် တရုတ်လျှပ်စစ်ကားဘက်ထရီများ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် လီသီယမ် သတ္တုတူးဖော်ရေးဗဟိုချက်ဖြစ်သည့်အပြင် ပိတ်ခိုင်းခြင်းသည် ကုန်ကြမ်းစရိတ်ကို မြင့်တက်လာ စေ သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

အပူရှိန်လွန်ကဲမှုကြောင့် ရုံးခန်းများနှင့် နေအိမ်များအတွက် လေအေးပေးစက်ဝယ်လိုအားများ မြင့်တက်လာခဲ့ပြီး လျှပ်စစ်ကဏ္ဍအပေါ်ဖိအားများ တိုးလာခဲ့သည်။ မိုးခေါင်မှုကြောင့် မြစ်ရေများ လျော့နည်းလာကာ ရေအား လျှပ်စစ်စက်ရုံများမှ လျှပ်စစ်ဓာတ်အား ပမာဏ လျော့နည်းလာခဲ့သည်။

စီချွမ်းအပြင်၊ ကျန်းစု၊ အန်ဟွေး၊ ကျီကျန်းအပါအဝင် အခြားသော တရုတ်အဓိကပြည်နယ်များတွင်လည်း အပူ လှိုင်းကြောင့် လျှပ်စစ်ဓာတ်အား လျော့နည်းသွားသောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအား လျှပ်စစ်ဓာတ်အားထိန်းထိန်းသိမ်းသိမ်းအသုံးပြုရန် တိုက်တွန်းထားသည်။

အချို့ဒေသများတွင် ရုံးများအား လေအေးပေးစက် အပူချိန်ကို ၂၆ ဒီဂရီစင်တီဂရိတ်ထက် တိုးထားရန် သို့မ ဟုတ် လျှပ်စစ်ဓာတ်အားထိန်းသိမ်းရန်အတွက် ပထမထပ်သုံးထပ်အတွက် ဓာတ်လှေကားအသုံးမပြုရန် အမိန့်ထုတ်ထားသည်။

လူနေအိမ်များ လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိစေရေးအတွက် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly