တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်သား ၇၈ ရာခိုင်နှုန်းက မကြောက်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြ

By ANI
23 August 2022
တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်သား ၇၈ ရာခိုင်နှုန်းက မကြောက်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြ

တရုတ်စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်သား ၇၈ ရာခိုင်နှုန်းသည် မကြောက်ကြောင်း ဩဂုတ် ၁၆ ရက်က ထုတ်ပြန်သည့် သဘောထားစစ်တမ်း၌ ဖော်ပြထားသည်။

ထိုင်ဝမ်နိုင်ငံသား ၅၂ဒသမ ၉ ရာခိုင်နှုန်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းသို့ မကြာသေးမီက လာရောက်ခဲ့သည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်ကို ကြိုဆိုကြောင်း ထိုင်ဝမ်လူထုအမြင်ဖောင်ဒေးရှင်း (TPOF) ၏ စစ်တမ်းကို ကိုးကား၍ Taiwan News သတင်းက ဖော်ပြခဲ့သည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို ကြိုတင်သိရှိထားသည့်တိုင် ခရီးစဉ်ကို စော၍လာသင့်ခဲ့ကြောင်း စစ်တမ်းတွင် အများစုက ဖြေဆိုခဲ့သည်။

ပလိုစီ၏ ခရီးစဉ်အပြီး ထိုင်ဝမ်အနီး၌ တရုတ်၏ ဒုံးကျည်ပစ်လွှတ်မှုများနှင့် စစ်ရေးလေ့ကျင့်မှု များနှင့် ပတ်သက်ပြီး ၅၂ ဒသမ ၉ ရာခိုင်နှုန်းက ခရီးစဉ်ကို စော၍လာသင့်ကြောင်း ဖြေဆိုခဲ့သလို ၃၃ ဒသမ ၆ ရာခိုင်နှုန်း က ထိုင်ဝမ်အနေဖြင့် ခရီးစဉ်ကို ဖျက်သိမ်းသင့်သည်ဟု ပြောသည်။ ထိုင်ဝမ်အပေါ် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်သော်လည်း တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို မကြောက်ကြကြောင်း ထိုင်ဝမ်သားအများစုဖြစ်သည့် ၇၈ ဒသမ ၃ ရာခိုင်နှုန်းက ဖြေဆိုခဲ့သလို စစ်ရေးလေ့ကျင့်မှုကို ကြောက်သူ ၁၇ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းသို့ နောက်ထပ် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ လာရောက်ချိန်တွင် အဆိုပါ စစ်တမ်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များက ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့်တွေ့ဆုံစဉ်အတွင်း တရုတ်စစ်တပ် က ထိုင်ဝမ်၏ ပန်ဂူကျွန်းစုများအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required