သဘာဝဘေးဥပါဒ်ဒဏ်ကို ဘယ်လိုကာကွယ်ကြမလဲ

သဘာဝဘေးဥပါဒ်ဒဏ်ကို ဘယ်လိုကာကွယ်ကြမလဲ

မြန်မာနိုင်ငံရဲ့ ယခုနှစ် နွေရာသီ ရာသီဥတုအခြေအနေဟာ သက်ဆိုင်ရာ မိုးလေဝသ ပညာရှင် များရဲ့ အဆိုအရ ရေရှားပါးမှုနဲ့ မလွဲမသွေ ကြုံကြရမယ့်သဘော ရှိပါတယ်။ ရေအရင်းအမြစ်တွေ ပျက်စီးပြီး ရေခမ်းခြောက်သွားမယ့်သဘော ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့်ပဲ လယ်ယာစိုက်ပျိုး ရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်သမား၊ ကိုင်းသမားတွေကို သက်လတ်၊ သက်ကြီး စပါး မျိုးများ မစိုက်ပျိုးကြဖို့၊ သက်လတ်သက်ကြီး စားပင်များ မစိုက်ပျိုးကြဖို့ သတိပေးနှိုးဆော်မှုတွေ ပြုလုပ် လာကြရပါတယ်။ လယ်ယာနဲ့ တောင်သူများအနေနဲ့ ရေသုံးစွဲမှုများ ချွေတာကြဖို့နဲ့ ရေအရင်းအမြစ် များ ပိုမိုခမ်းခြောက်သွားစေမယ့် နည်းလမ်းများကို မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရေအရင်းအမြစ်များကို စနစ်တကျနဲ့ ချွေတာသုံးစွဲဖို့ တိုက်တွန်းနေပေမယ့်လည်း ဒီတိုက်တွန်း ချက်ကို လူတွေက အသိရှိရှိ လိုက်နာနိုင်ကြပါ့မလား။ ဒီလို သတိပေးနှိုးဆော်ရုံမျှနဲ့ ရေရှားပါးမှုပြဿ နာကို ပြေလည်အောင် ဖြေရှင်းသွားနိုင်ပါ့မလား။ အငြင်းပွားဖွယ် ကိစ္စ ဖြစ်လာပါတယ်။

ဒီလို ရေအရင်းအမြစ်တွေကို ချွေတာအသုံးပြုကြဖို့ နှိုးဆော်ချက်ကို လူတွေက အသိရှိရှိ လိုက်နာခြင်း မလိုက်နာခြင်းအခြေအနေကို အခြားနေရာများကို အသာထား၊ ရန်ကုန်မြို့တနေရာ တည်းမှာပဲ စောင့် ကြည့်မယ်ဆိုရင် ရင်လေးဖို့ကောင်းတာ တွေ့ကြရမှာပါ။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အတော်များများမှာ လွန်ခဲ့သော သုံးနှစ်ခန့်ကစပြီး ပျဉ်ထောင်အိမ် များရဲ့နေရာမှာ အထပ်တိုက်တွေ အလျင်အမြန် ဆောက်လုပ်လာကြပါတယ်။ ဒီလိုဆောက်လုပ်ကြတဲ့ အခါ အိမ်တိုင်းလိုလိုက အိမ်သုံးရေရရှိဖို့ အဝီစိတွင်းတွေတူးကြပါတယ်။ တိုက်တစ်လုံးအဝီစိတွင်း တစ်တွင်းကျ တူးကြတဲ့သဘောပါပဲ။ ဒီလိုတူးတဲ့အခါ ပေ ၁၀၀လောက်နဲ့ ရေရတဲ့တွင်းဆိုတာ အင်မတန်ရှားပါး လှပြီး တချို့တွင်းများဟာ ပေ ၁၀၀၀ အထိ တူးယူကြရတာမျိုး၊ ပျမ်းမျှခြင်းအရဆိုရင် ပေ၄၀၀ ဝန်းကျင်တူးမှသာလျင် ရေရရှိတာမျိုးတွေ ရှိပါတယ်။ သည်လိုအနေအထားအရပြောရရင် မြို့နယ်တမြို့နယ် အလိုက် အဝီစိတွင်းအရေအတွက် မည်မျှအထိ တူးယူထားကြပြီးဖြစ်တယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်လေးဖို့ကောင်းတာ အားလုံးသိနိုင်ပါတယ်။

ဒီလို အရမ်းကာရော ရေအရင်းအမြစ်များ တူးဖေါ်သုံးစွဲမှုဟာ နောင်တချိန်မှာ ရေရှားပါးမှု၊ ရေပြတ်တောက်မှုဒဏ်ကို မလွဲမသွေ ခံစားကြရတော့မှာ မလွဲပါဘူး။ ရေရှားပါးမှု၊ ရေပြတ်တောက်မှု၊ ရေခမ်းခြောက်မှုက သဘာဝပါတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုအပေါ်မှာလည်း အဓိက မူတည်ပါတယ်။ မိမိတို့နိုင်ငံမှာ သဘာဝပါတ်ဝန်းကျင် မပျက်စီးရလေအောင် ကာကွယ်တားဆီးမှုက ကမ္ဘာပေါ်မှာ နောက်ဆုံးအဆင့် နိုင်ငံတနိုင်ငံအဖြစ် ထင်ရှားတဲ့တိုင်းပြည်ဖြစ်တာမို့ ဒီလို သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရေအရင်းအမြစ်တွေ ပျက်စီးရတဲ့ဒဏ်ကို မကြာခင် ခံစားကြရတော့မယ့်သဘော ဖြစ်ပါတယ်။ နောင်တချိန် ရေရှားပါးမှု ရေပြတ်တောက်မှု ရှိလာကြမယ်ဆိုရင် ရေရှားပါးမှုကြောင့်ဖြစ် ရတဲ့ ကျန်းမာရေး၊ နိုင်ငံရေး ပြဿနာတွေ အရှိန်အဟုန်နဲ့ ရင်ဆိုင်ကြုံတွေ့ကြရတော့မှာကလည်း အသေအချာပါပဲ။ သမိုင်းမှာ ရေကြောင့် ညီညွတ်ရေးပြိုကွဲကြရတာ၊ ရေကြောင့် စစ်ဖြစ်ကြရတာမျိုးက ဗုဒဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တာပဲ။

အခုဆိုရင် ဒီနှစ်အဖို့ အယ်လ်နီညိုလို့ခေါ်တဲ့ အပူလှိုင်းဖြစ်ထွန်းမှုအခြေအနေဟာ မိမိတို့နိုင်ငံကို ရက်ပိုင်းလပိုင်းအတွင်း ကြုံတွေ့ကြရတော့မယ့်သဘော ဖြစ်လာနေပါတယ်။ ဒါက ပညာရှင်များက လူသိထင်ရှား ထုတ်ဖေါ်ပြောဆိုလာကြတာပါ။

အယ်လ်နီညို ရာသီဥတုအနေအထားအရ စိုက်ပျိုးရေးကို အဓိကအားထားကြရတဲ့ မိမိတို့နိုင်ငံက အများစုဖြစ်တဲ့ တောင်သူလယ်သမားများအဖို့ စိုက်ပျိုးမှု အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေကို လိုသလောက် ထုတ်ယူသုံးစွဲဖို့ ခက်ခဲလာတော့မှာကလည်း အသေအချာပါပဲ။ ဒီကြားထဲ ရေထုတ်ယူသုံးစွဲ မှုမှာ စနစ်တကျဖြစ်ဖို့ ချွေတာသုံးစွဲဖို့ ဆိုတဲ့ အသိတရားကိစ္စမှာလည်း လက်တွေ့ကျကျ စိတ်ဝင်တစား လိုက်နာဆောင်ရွက်ကြဖို့ရာကလည်း အားနည်းလွန်းပါတယ်။

ဒါကြောင့်မို့ မကြာမီ ကြုံတွေ့လာကြရတော့မယ့် အယ်လ်နီညို ရာသီဥတုအခြေအနေနဲ့ ရေရှား ပါးပြတ်တော့မည့် အခြေအနေများကို တိုင်းပြည်နဲ့အဝှမ်း ထိရောက်ပွင့်လင်းမြင်သာစွာ သတိပေးနှိုး ဆော် ပညာပေးခြင်းများ အစိုးရကိုယ်တိုင်က အလျင်အမြန် ဦးဆောင် ဆောင်ရွက်သင့်ကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly