ဖရူဆိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား သေဆုံးမှုများနိုင်ဟုဆို

ဖရူဆိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား သေဆုံးမှုများနိုင်ဟုဆို

ဩဂုတ် ၂၂

မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုရွာ အနီးသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့က ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ပြင်းထန်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်ကာ အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း လွိုင်ကော် PDFက ဆိုသည်။

စစ်ကောင်စီတပ်အား လွိုင်ကော် PDF နှင့်အတူ KA / KNDF / အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ / အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၁) တို့ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြကြောင်း ယနေ့ သြဂုတ်လ၂၂ ရက်နေ့ရက်စွဲဖြင့် လွိုင်ကော် PDF က သတင်းထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာ ရရှိသည့် လွိုင်ကော် PDF ရဲဘော် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည့် အတွက် စနစ်တကျဆေးကုသမှုကို ခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကရင်နီပြည်နယ်

#ဖရူဆိုမြို့

#စစ်ကောင်စီတပ်

#ကရင်နီပူးပေါင်းတပ်ဖွဲ့များ

#တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly