တရုတ်တွင် ပြင်းထန်သောအပူလှိုင်းကြောင့်  သီးနှံများအန္တရာယ်မပျက်စီးစေရန်  ကြိုးပမ်းနေရ

တရုတ်တွင် ပြင်းထန်သောအပူလှိုင်းကြောင့်  သီးနှံများအန္တရာယ်မပျက်စီးစေရန်  ကြိုးပမ်းနေရ

တရုတ်အာဏာပိုင်များသည် တောမီးများကို ငြှိမ်းသတ်နေရသလို ယန်ဇီမြစ်ဝှမ်းတစ်လျှောက် ပူပြင်းသော အပူချိန်ကြောင့် သီးနှံများ မပျက်စီးစေရန်  အထူးအဖွဲ့များကို စေလွှတ်ထားပြီး  မိုးခေါင်ရေရှားသတိပေးချက်ကို လည်း  ပထမဆုံးအကြိမ် ထုတ်ပြန်ထားသည်။

စီချွမ်ပြည်နယ်မှ အနောက်တောင်ဘက် ယန်ဇီမြစ်ဝှမ်းရှိ ရှန်ဟိုင်းအထိ ဒေသများသည် အပူလွန်ကဲမှုကို ရက်သတ္တပတ်ပေါင်းများစွာ ခံစားရပြီးနောက်  ဩဂုတ် ၁၈ ရက်က နိုင်ငံတစ်ဝန်း အဝါရောင်သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ကာ အစိုးရတာဝန်ရှိသူများက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအား အကြောင်းရင်းအဖြစ် ကိုးကားပြောဆိုကြသည်။

တရုတ်နိုင်ငံ ကျန်းစုပြည်နယ်အလယ်ပိုင်း ယန်ဇီမြစ်၏ ရေလွှမ်းမိုးရာမြစ်ဝှမ်းများအနက် တစ်ခုဖြစ်သည့် ပိုယန် ရေကန်သည် ယခုနှစ်တွင် ပုံမှန်အရွယ်အစား၏ ၄ ပုံ ၁ ပုံခန့် သေးငယ်သွားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်သည် ပထမဆုံး မိုးခေါင်ရေရှားသတိပေးချက်ကို ထုတ်ပြန်ကာ သီးနှံများအား အပူလွန်ကဲမှုဒဏ်မှ ကာကွယ်နိုင်ရန် တိုက်ပွဲဝင်နေရကာ ချုံချင်းပြည်နယ် အနောက်တောင်ပိုင်းဒေသ ကောင်တီပေါင်း ၃၄ ခုရှိ မြစ် ၆၆ စင်းသည် ခြောက်သွေ့လျက်ရှိကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV  ကဖော်ပြသည်။

ယခုနှစ်တွင် ချုံချင်းပြည်နယ်မိုးရေချိန်သည် ရာသီစံနှုန်းနှင့်နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ခရိုင်များစွာရှိ မြေသားမှာလည်း အစိုဓာတ်လျော့နည်းနေကြောင်း CCTV က ဒေသတွင်း အစိုးရအချက် အလက်များကို  ကိုးကား၍ ဖော်ပြခဲ့သည်။
  
နိုင်ငံ၏ အပူဆုံးနေရာ ၁၀ ခုအနက် ချုံချင်းပြည်နယ်တွင် ၁၀ ခုရှိကြောင်း ဩဂုတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly