တရုတ်က ကျောထောက်နောက်ခံပြုထားသည့် အရှေ့ဥရောပ ဖိုရမ်မှ လတ်ဗီးယား၊ အက်စ်တိုးနီးယားတို့ နုတ်ထွက်

By The Hindu
18 August 2022
တရုတ်က ကျောထောက်နောက်ခံပြုထားသည့် အရှေ့ဥရောပ ဖိုရမ်မှ လတ်ဗီးယား၊ အက်စ်တိုးနီးယားတို့ နုတ်ထွက်

အရှေ့ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်ရန် ရည်ရွယ်သည့် တရုတ်ကျောထောက်နောက်ခံပြုထားသော ဖိုရမ်မှ လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့က နုတ်ထွက်ခဲ့ကြောင်း ပြောကြားလိုက်ပြီး ယင်းက တရုတ်၏ ရန်လိုသော သံခင်းတမန်ခင်းအတွက် ထိုးနှက်မှုအသစ်တစ်ခု ဖြစ်ပုံရသည်။

ထိုင်ဝမ်နှင့် ဆက်ဆံရေးတိုးချဲ့သည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဘောလ်တစ်နိုင်ငံ၊ လစ်သူယေးနီး ယားကို တရုတ်က စီးပွားရေးနှင့် သံတမန်ရေးအရ လက်တုံ့ပြန်ပြီးနောက် ယခုဖြစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်ချိန်က ဆိုဗီယက်ယူနီယံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည့် နိုင်ငံများကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပထမ ခြေလှမ်းအဖြစ် ယူကရိန်းကို ကျူးကျော်ဝင်ရောက်သည့် ရုရှားနှင့် တရုတ်က ဆက်ဆံရေးကို မြှင့်တင်လိုက် ပြီးနောက် ယင်းနုတ်ထွက်မှုဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်က ရုရှားအား ဝေဖန်ရန် ငြင်းဆိုထားပြီး အနောက်နိုင်ငံများက မော်စကိုအပေါ် ချမှတ်ထားသော စီးပွား ရေးပိတ်ဆို့မှုများကို ရှုတ်ချခဲ့သည်။

မကျူးကျော်မီ ရက်သတ္တပတ်များအတွင်း သမ္မတနှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်ရှီကျင့်ဖျင်က ပေကျင်းမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ အကန့်အသတ်မရှိကြောင်း ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

'လတ်ဗီးယားနိုင်ငံခြားရေးနှင့် ကုန်သွယ်မှုမူဝါဒ၏ လက်ရှိဦးစားပေးအစီအစဉ်ကြောင့် လတ်ဗီးယားသည် အလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံများနှင့် တရုတ်တို့ ပူးပေါင်းဆောင်ရွက်မှုမူဘောင်များတွင် ပါဝင်မှုကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်' ဟု လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

လတ်ဗီးယားက တရုတ်နှင့် အပြုသဘောဆောင်ပြီး လက်တွေ့ကျသော ဆက်ဆံရေးအတွက် ဆက်လက် ကြိုး ပမ်းသွားမည်ဖြစ်ပြီး အပြန်အလှန် အကျိုးပြုမှု၊ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စည်းမျဉ်း များကို အခြေခံသည့် ကမ္ဘာ့စည်းမျဉ်းကို လေးစားလိုက်နာပြီး ဥရောပသမဂ္ဂ-တရုတ် ပူးပေါင်း ဆောင်ရွက်မှု များမှတဆင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly