တရုတ်၏ ဆယ်စုနှစ်များစွာ ကိုလိုနီပြုမှုအပေါ် တိဗက်၏ ခုခံနေမှု

တရုတ်၏ ဆယ်စုနှစ်များစွာ ကိုလိုနီပြုမှုအပေါ် တိဗက်၏ ခုခံနေမှု

တရုတ်ခေါင်းဆောင်များ အထူးသဖြင့် သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘာတစ်ဝန်းတွင် တရုတ်၏ ပါဝါနှင့် သြဇာကို အင်အားပြရန် အခွင့်အလမ်းဟူသမျှကို အလွတ်မပေးခဲ့သော်လည်း တရုတ်ခေါင်းဆောင်များကိုယ်တိုင် ၎င်းတို့၏ ကိုလိုနီနယ်နိမိတ်အတွင်းမှာပင် ခိုကိုး ရာမဲ့စိတ်ပျက်အားငယ်နေကြရသည့်အချက်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

တိဗက်၊ အရှေ့တာကစ္စတန် (ရှင်ကျန်း) သို့မဟုတ် တောင်မွန်ဂိုလီးယားတို့တွင် ဒေသခံ ပြည်သူများ၏ ဘာ သာရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန် ဥပဒေစည်းမျဉ်းသစ်များနှင့် ကြေညာချက်များ မကြာခဏ ထုတ်ပြန်ကာ တရုတ်က အကျပ်ကိုင်နေသည်ဟူသော သတင်းများထွက်ပေါ်နေကြောင်း Tibet Press သတင်းဌာနက ဖော်ပြ ခဲ့ သည်။

သို့သော် ဆယ်စုနှစ် ၇ ခုကျော် ကိုလိုနီ ဖိနှိပ်မှုနှင့် ဖိနှိပ်မှုများကြားမှ တရုတ်၏ အုပ်ချုပ်မှုကို တိဗက်လူမျိုး များက လက်မခံခဲ့ကြပေ။

ဗုဒ္ဓဘာသာနှင့် ဒလိုင်းလားမားအပေါ် တိဗက်တို့၏ ယုံကြည်ခြင်းသည် ၎င်းတို့၏ ဆန့်ကျင်မှုကို ဖော်ပြရန် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်သည်။

အခြားတစ်ဖက်တွင်မူ တရုတ်အုပ်ချုပ်သူများသည် ဝီဂါ၏ အစ္စလာမ်ဘာသာနှင့် တိဗက်လူမျိုးများနှင့် မွန်ဂို လူမျိုးတို့၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်ခြင်းအတွက် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။

တစ်ဖက်တွင် ဘာသာမဲ့ကွန်မြူနစ်ခေါင်းဆောင်မှုကို စိန်ခေါ်ချက်တစ်ခုအဖြစ် ရှုမြင်ကြပြီး တခြားတစ်ဖက်တွင် ဇာတိအမျိုးသားရေးလက္ခဏာကို ထိန်းသိမ်းရန်နှင့် ဟန်တရုတ်အဖြစ်ပေါင်းစပ်ရန် ငြင်းဆိုခြင်းကို ကိုယ်စားပြု နေသည်။

နှစ်ခုစလုံးသည် ကွန်မြူနစ်အုပ်ချုပ်ရေးကို ဖီဆန်သည့် လုပ်ရပ်တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြပြီး ယင်းသည် တရုတ်အစိုးရအပေါ် အဆိုးရွားဆုံး 'ရာဇဝတ်မှု' ဖြစ်သည့် 'ခွဲထွက်ရေး' လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ကာတီသည် မူလတိဗက်၏ နဘားနှင့် ဒိုဂဲ ဒေသများရှိ အရေးကြီးဆုံးနှင့် သြဇာအရှိဆုံး ဘုန်းတော်ကြီး ကျောင်းများထဲမှ တစ်ခုဖြစ်သည်။

နောက်ဆုံးရေတွက်မှုအရ တိဗက်တွင် မီးရှို့သတ်သေမှုပေါင်း စုစုပေါင်းမှာ ၁၅၄ မှုကျော်ရှိကြောင်း Tibet Press က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly