ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများအပေါ် ပိတ်ဆို့အရေးယူမှုများကို ဟန့်တားနေသည့် တရုတ်၏ လုပ်ရပ်က အပြောတစ်မျိုးအလုပ်တစ်မျိုး ဖြစ်နေ

ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများအပေါ် ပိတ်ဆို့အရေးယူမှုများကို ဟန့်တားနေသည့် တရုတ်၏ လုပ်ရပ်က အပြောတစ်မျိုးအလုပ်တစ်မျိုး ဖြစ်နေ

ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမား အက်ဒူလ်အေဇာအား အမည်ပျက် စာရင်းသွင်း ရန် အမေရိကန်နှင့် အိန္ဒိယတို့၏ ပူးတွဲအဆိုပြုချက်ကို တရုတ်က ဆိုင်းငံ့လိုက်ခြင်းက ကမ္ဘာ့အကြမ်းဖက်တိုက်ဖျက်ရေးအတွက် တရုတ်၏ အပြောတစ်မျိုးအလုပ်တစ်မျိုးနှင့် စံနှစ်မျိုး လုပ်ဆောင်ချက်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။

ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများစာရင်းသွင်းသည့် အခါတိုင်းနီးပါးတွင် တရုတ်၏ နိုင်ငံရေးအရ လှုံ့ ဆော်သည့် လုပ်ရပ်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဆောင်သည့် နည်းလမ်း များ၏ မှန်ကန်သည့် ရပ်တည်ချက်ကို ပျက်ပြားစေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

အကြမ်းဖက်အဖွဲ့ Jaish-e-Mohammad (JeM) ၏ အကြီးအကဲ မာဆွတ်အေဇာ၏ အစ်ကို အက်ဒူလ်အေဇာ သည် အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာတွင် အိန္ဒိယလေကြောင်းလိုင်း လေယာဉ် IC814 ကို ၁၉၉၄ ခုနှစ်က ပြန်ပေးဆွဲ ခြင်း အပါအဝင် အိန္ဒိယပါလီမန်ကို ၂၀ဝ၁နှစ်က တိုက်ခိုက်ခြင်းနှင့်
ပတ်တန်ကော့ရှိ အိန္ဒိယ လေတပ်အခြေစိုက် စခန်းအား ၂၀၁၆ ခုနှစ်က တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်တိုက်ခိုက်မှု အများအပြားကို စီစဉ်အကောင်အထည် ဖော်ရာတွင် ပါဝင်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၁၂၆၇ ဒဏ်ခတ်ပိတ်ဆို့မှုကော်မတီတွင် အက်ဒူလ်အေဇာကိုစာရင်းသွင်းရန် အိန္ဒိယက အဆိုပြုခဲ့ရာ အမေရိကန်ကလည်း ပူးပေါင်းအဆိုပြုခဲ့ကြောင်းသတင်းရင်းမြစ်များက ဆိုသည်။

သို့သော် အဆိုပါ အဆိုပြုချက်အား ကုလသမဂ္ဂ အဖွဲ့ဝင် ၁၅နိုင်ငံတွင်မှ ဗီတိုအာဏာကိုင်ဆောင်ထားသော တရုတ်က ဆိုင်းငံ့ထားခဲ့သည်။

၁၂၆၇ ဒဏ်ခတ်ပိတ်ဆို့မှုကော်မတီတွင် တရုတ်က အကြမ်းဖက်သမားများအား စာရင်းသွင်းခြင်းအပေါ်တားမြစ်ပိတ်ပင်ခြင်းကို ယခင်ကလည်း လုပ်ဆောင်ခဲ့သည်။

၂၀၂၂ခုနှစ် ဇွန်လတွင် တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် Lashkar-e-Tayyiba (LeT) ၏ လက်ထောက်အကြီးအကဲ ရာမန် မက်ကီကို စာရင်းသွင်းရန် အိန္ဒိယနှင့်အမေရိကန်တို့၏ ပူးတွဲအဆိုပြုချက်ကိုလည်း ဆိုင်းငံ့ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly