တရုတ်ပုဂ္ဂလိကကုမ္ပဏီများ အာဖရိကတွင် ဖွံ့ဖြိုးရေး စီမံကိန်းများမှတစ်ဆင့် အကျိုးဖြစ်ထွန်းနေ

တရုတ်ပုဂ္ဂလိကကုမ္ပဏီများ အာဖရိကတွင် ဖွံ့ဖြိုးရေး စီမံကိန်းများမှတစ်ဆင့် အကျိုးဖြစ်ထွန်းနေ

တရုတ်ပုဂ္ဂလိကုမ္ပဏီများအကျိုးဖြစ်ထွန်းစေရန် တရုတ်က အာဖရိကတွင် အကြီးစားအခြေခံ အဆောက်အအုံ စီမံကိန်းများကို ဆောင်ရွက်ကာ ဒေသတစ်ခုလုံးနှင့် ဒေသခံများကို အမြတ်ထုတ်နေသဖြင့် ပြည်တွင်းလုပ်ငန်းရှင် များမှာ ဘေးကြပ်နံကြပ်ဖြစ်နေသည်။

ထိုကဲ့သို့သော အခြေခံအဆောက်အအုံစီမံကိန်းများကို ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တရုတ်ပုဂ္ဂလိကကဏ္ဍကုမ္ပဏီများ (PSCs) ကို အကျိုးပြုစေရန်ဖြစ်သည်။

PSC များသည် 'အာဖရိကသို့ သွားခြင်း' အစီအစဉ်မှ 'အာဖရိကတွင် အခြေချနေထိုင်ခြင်း' သို့မဟုတ် 'အာဖရိကတွင် အခြေစိုက်ခြင်း' သို့ ကူးပြောင်းသွားသည့်အတွက် ယင်း ပုံစံကို စတင်နေပြီဖြစ်သည် ဟု Geopolitica.info တွင် 'တရုတ်-အာဖရိက စီးပွားရေးကောင်စီ' မှ ထုတ်ဝေသော 'ဈေးကွက်စွမ်းအားနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ' ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

'အာဖရိကတွင် အခြေစိုက်မည့် အဆင့်လိုက်လုပ်ဆောင်မှုကို ၂၀၁၉ခုနှစ်တွင် အာဖရိက၌ တရုတ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းထိတိုးလာခြင်းနှင့် အာဖရိကတွင် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ၏ ၉၀ ရာခိုင်နှုန်း ကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ပိုင်ဆိုင်ကြခြင်းက ဖော်ပြနေသည်။

ရင်းနှီးမြှုပ်နှံမှုများက သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံ၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အဓိကထား လုပ်ကိုင်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် အာဖရိကနိုင်ငံများအား ယင်းတို့၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်များအတွက် ကုန်ကြမ်းများ တင်ပို့ရန်နှင့် တရုတ်စက်မှုလုပ်ငန်းအတွက် လိုအပ်သည့်သတ္ထုနှင့် သဘာဝအရင်းအမြစ်များကို ရွှေ့ပြောင်းရန် တရုတ်၏ 'ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း' မှတဆင့် တွန်းအားပေးခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်ချက်ကြောင့် အာဖရိကကုန်ကြမ်းပစ္စည်းများ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ တရုတ်အာဖရိက သုတေသနစီမံကိန်း' အစီရင်ခံစာတွင် တရုတ်က ရေနံနှင့် အခြားတွင်းထွက်သယံဇာတ အများအပြားကို အာဖရိကတိုက်မှ ထုတ်ယူခဲ့ကြောင်း ဆက်စပ်ဖော်ပြထားသည်။
အင်ဂိုလာ၊ လစ်ဗျား၊ ဂါဘွန်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် တောင်အာဖရိကတို့သည် တရုတ်သို့ တင်ပို့မှုစုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းရှိသည်။

အန်ဂိုလာနှင့် လစ်ဗျားတို့က ရေနံ၊ ဂါဘွန်က ရေနံနှင့် မန်းဂနိစ်၊  RoC ရေနံနှင့် အခြားသတ္တုဓာတ်များ၊ ကွန်ဂိုက ကိုဘော့နှင့် ကြေးနီ၊ တောင်အာဖရိကက ပလက်တီနမ်နှင့် သံနှင့် သံမဏိတို့ တင်ပို့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly