ဒဂုံဆိပ်ကမ်းမြို့နယ် လျှပ်စစ်ရုံးရှိ စစ်​ကောင်စီတပ်သားများ လက်ပစ်ဗုံးခွဲ တိုက်ခိုက်ခံရ

ဒဂုံဆိပ်ကမ်းမြို့နယ် လျှပ်စစ်ရုံးရှိ စစ်​ကောင်စီတပ်သားများ လက်ပစ်ဗုံးခွဲ တိုက်ခိုက်ခံရ

ဩဂုတ် ၁၉

ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၁ ရပ်ကွက်၊ က​နောင်မင်းသားကြီးလမ်းမ​ပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးတွင် တပ်စွဲထား​သော စစ်​ကောင်စီတပ်သားများ ယမန်​နေ့ညက လက်ပစ်ဗုံးခွဲ တိုက်ခိုက်ခံရ​ကြောင်း သိရသည်။

"အသံအကျယ်ကြီးကြားလိုက်တယ်၊ ဗုံး​ပေါက်တဲ့အသံလိုမျိုး အရမ်းကျယ်တယ်၊ ပစ်သံ​တွေလိုမျိုးလည်းကြားရတယ်၊ တစ်ခုခုဆို အချိန်ခြားပြီးမှတင်ကြ​​တော့ ဘယ်​နေရာဖြစ်တာလဲ မသိ​သေးဘူး၊ အသံ​တွေက​တော့ ​အောင်သလား​​မ​မေးနဲ့၊ အားရတယ်။" ဟု ဖြစ်စဥ်နှင့်ပတ်သက်ပြီး ​ဒေသခံတစ်ဦးက ​ပြောသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၁၈ ရက် ည ၈နာရီခွဲဝန်းကျင်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအား Dagon Seikkan PDF အဖွဲ့မှလုပ်​ဆောင်ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှု​ကြောင့် စစ်​​ကောင်စီတပ်သားများ ကင်း​စောင့်​သော​နေရာတွင် လက်ပစ်ဗုံးတိုက်ရိုက်ထိမှန်​ပေါက်ကွဲခဲ့​ကြောင်း သိရသဖြင့် ၎င်းတို့၏ ထိခိုက်ကျဆုံးမှုကိုပါ သိရှိသည်နှင့် တစ်ပြိုင်နက် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်​ကြောင်း ​ဖော်ပြထားသည်။

တိုက်ခိုက်မှုအပြီးတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များလည်း ​ဘေးကင်းရာ​နေရာသို့ ​ရောက်ရှိ​နေပြီဖြစ်​ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဒဂုံမြို့သစ်

#စစ်​​ကောင်စီ

#လျှပ်စစ်ရုံး

#လက်ပစ်ဗုံးခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required