ရတနာပုံ တံတားထိပ် စစ်ဆေးရေးဂိတ်တွင် ခရီသည်တင်ယာဉ်ကို စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါး၊ PDF ၃ဦးကျဆုံး

ရတနာပုံ တံတားထိပ် စစ်ဆေးရေးဂိတ်တွင် ခရီသည်တင်ယာဉ်ကို စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါး၊ PDF ၃ဦးကျဆုံး

ဩဂုတ် ၁၇

(မဇ္ဈိမ)။ ။ ရတနာပုံ တံတားထိပ် စစ်ကိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်တွင် ယနေ့ ဩဂုတ် ၁၇ရက် နံနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်က Express ကားတစ်စီးကို တားဆီး စစ်ဆေးရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါး၍ ကားပေါ်ပါ PDF အဖွဲ့ဝင် သုံးဦး ကျဆုံးကာ စစ်ကောင်စီ လက်နက်ကိုင်တပ်သား နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

"Express ပေါ်ပါလာတဲ့ PDF ကောင်လေး သုံးယောက်နဲ့ စကစ(စစ်ကောင်စီတပ်ဖွဲ့)ကင်းအဖွဲ့ အပြန်အလှန်ပစ်ကြရင်း ကောင်လေးသုံးယောက်ကျတယ်။ ပြည်သူ တစ်ဦးလည်း ထိထားတယ်။ခွေး(စစ်ကောင်စီတပ်သား)ဘက်က နှစ်ကောင် ဒဏ်ရာရတယ်။အဲဒီနှစ်ကောင်ကို လူနာတင်ကားနဲ့ခေါ်သွားတယ်"ဟု ပြည်သူတစ်ဦးက ပြောသည်။

ခရီးသည်တင် ကားပေါ်ပါလာသည့် ခရီးသည် ၁၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း ကနဦးသတင်းအရ သိရသည်။

ကျဆုံးသွားသည့် PDF သုံးဦးသည် မည့်သည့် အဖွဲ့ကမှန်း မသိရသေးပေ။

"ကျွန်တော်တို့ လိုက်ချိတ်ကြည့်နေပါတယ်။ဘယ်အဖွဲ့ကလည်း ဆိုတာကို။ကျဆုံးမှုအတွက်တော့ ခံစားရတယ်"ဟု စစ်ကိုင်းပြောက်ကျား တော်လှန်အဖွဲ့ဝင် ဒိုးလေးက ပြောသည်။

​ပစ်ခတ်မှု ပစ်ပွါးပြီးနောက် တံတားကို ပိတ်ထားရာ နံနက် ၉နာရီ ၄၅ မိနစ်တွင် တံတားကို ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရတနာပုံတံတား

#စစ်ကိုင်း

#ခရီသည်တင်ယာဉ်

#စစ်ဆေးရေးဂိတ်

ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်သော ဂိတ်(ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly