စီးပွားရေး အပြန်အလှန်မှီခိုနေရသဖြင့် တရုတ်က ထိုင်ဝမ်အပေါ် ပြင်းထန်သောပိတ်ဆို့မှုများချမှတ်ရန် ရှောင်ရှား

စီးပွားရေး အပြန်အလှန်မှီခိုနေရသဖြင့် တရုတ်က ထိုင်ဝမ်အပေါ် ပြင်းထန်သောပိတ်ဆို့မှုများချမှတ်ရန် ရှောင်ရှား

တရုတ်နှင့်ထိုင်ဝမ်သည် စီးပွားရေး၌ အပြန်အလှန်မှီခိုနေရသောကြောင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ခရီးစဉ်နှင့်ပတ်သက်၍ ထိုင်ဝမ်အပေါ် ပြင်းထန်စွာ ပိတ်ဆို့ အရေးယူခြင်းမရှိပေ။

တရုတ်နှင့်ထိုင်ဝမ်အခြေအနေသည် အပြန်အလှန်မှီခိုမှုအပေါ် တည်ဆောက်ထားပြီး အီလက်ထရွန်းနစ် ပစ္စည်းကဲ့သို့သော အဓိကစက်မှုနယ်ပယ်များနှင့် ထိတွေ့ဆက်ဆံရန် လွန်ခဲ့သောမျိုးဆက်ကပင် တိုးတက်လာ သော နှစ်နိုင်ငံစလုံးကို မထိခိုက်စေဘဲ ဆက်ဆံရေးကို တင်းမာ၍ မရနိုင်ပေ။
 ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးပစ္စည်းဦးဆောင်နိုင်ငံဖြစ်သော ထိုင်ဝမ်သည် ခိုင်မာအားကောင်းသည့် တိုးတက်မှု ရရှိလာချိန်တွင် တရုတ်စီးပွားရေးသည် အိမ်ခြံမြေအကျပ်အတည်းနှင့် သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒကြောင့် ဆိုးရွားစွာခံစားနေရသည်။

 တရုတ်သည် ထိုင်ဝမ်အား နန်စီပလိုစီကို လက်ခံတွေ့ဆုံသည့်အတွက် စီးပွားရေးဆိုင်ရာ ပြစ်ဒဏ်များ ပိုမိုချမှတ်ရန်  အလေးအနက်ထားလာပါက ထိုင်ဝမ်နှင့် စီးပွားရေးဆက်ဆံမှုကို ပိုမိုတိုက်ရိုက်ပစ်မှတ် ထားလာ နိုင်သည်ဟု နိုင်ငံတကာရေးရာအကြံပေးအဖွဲ့ အတ္တလန္တိတ်ကောင်စီက ပြောသည်။

တရုတ်သည် ပြည်မကြီးသို့ ထိုင်ဝမ်လျှပ်စစ်ထုတ်ကုန်များ တင်ပို့မှုကို အဟန့်အတားပြုလုပ်နိုင်သည်။ ယမန်နှစ်က တရုတ်နှင့်ဟောင်ကောင်သို့ ထိုင်ဝမ်၏ လျှပ်စစ်ထုတ်ကုန်တင်ပို့မှုသည် နိုင်ငံ့ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၉ ဘီလီယံ၏ ၅၀ ရာခိုင်နှုန်းကျော် ရှိသည်။ ယင်းသည် ကွန်တိန်နာသင်္ဘောများအတွက် ကမ္ဘာ့အရေးအကြီးဆုံး ရေလမ်းများထဲမှ တစ်ခုဖြစ်သည့် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သော ကုန်စည်စီးဆင်းမှု ကိုလည်း ဆိုးဆိုးရွားရွား အနှောင့်အယှက်ဖြစ်စေနိုင်သည့် ပမာဏဖြစ်သည်။

သို့သော် ထိုလုပ်ရပ်များသည် တရုတ်အား မိမိကိုယ်ကိုယ် ကျဉ်းထဲကျပ်ထဲရောက်စေမည်ဖြစ်သည်။ တရုတ်ပို့ကုန်ယန္တရားသည် ထိုင်ဝမ်ထုတ် အီလက်ထရောနစ်ပစ္စည်းများမရှိပါက ချိနဲ့သွားမည်သာဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်းပိုင်နက်အဖြစ် ရှုမြင်ကာ ထိုင်ဝမ်တာဝန်ရှိသူများနှင့် နိုင်ငံခြားအစိုးရများဆက်ဆံမှုကို ဆန့်ကျင်သည်။ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို ဆန့်ကျင့်သည်အနေဖြင့် ကျွန်းတစ်ဝိုက်တွင် စစ်ရေး လေ့ကျင့်မှုများစွာ လုပ်ခဲ့သလို ပြင်းထန်သော ထုတ်ပြန်ချက်များစွာ ထုတ်ပြန်ခဲ့ပြီး တရုတ်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး နီကိုလပ်စ်ဘန်းကိုလည်း ဆင့်ခေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required